အိန္ဒိယနိုင်ငံထဲ ရိုဟင်ဂျာ ဝင်ရောက်မှု နဲ့ နွား မှောင်ခိုခိုးထုတ်မှု တားဆီး


ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ ဆိုသူတွေ နယ်စပ်ကတဆင့် အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်နေတဲ့အတွက် အိန္ဒိယနယ်ခြားစောင့်တပ်တွေ အင်အားစိုက်တားဆီးနေရတဲ့တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံထဲက နွားတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မှောင်ခိုခိုးထုတ်နေတာကို တားဆီးနေရတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ အိန္ဒိယနယ်ခြားစောင့်တပ်အရာရှိတွေက ပြောပါတယ်။

နယ်စပ်ကတဆင့် နိုင်ငံတွင်းဝင်ရောက်လာသူတွေကို တားဆီးဖို့ ငရုတ်သီးမှုန့်အရည်နဲ့ မေ့ဆေးဗုံးတွေ အသုံးပြုဖို့ ပြီးခဲ့တဲ့လထဲမှာ အိန္ဒိယအစိုးရက အမိန့်ပေးထားပါတယ်။

တချိန်ထဲမှာပဲ ဟိန္ဒူတွေ အထွတ်အမြတ်ထားတဲ့နွားတွေ အိန္ဒိယနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ခိုးထုတ်နေတာတွေကိုပါ တားဆီးဖို့ အမိန့်ထုတ်ထားပါတယ်။ အိန္ဒိယနိုင်ငံထဲကနေ အမေရိကန် ဒေါ်လာ သန်း ၆၀၀ တန်ကြေးရှိတဲ့နွားတွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို နှစ်စဉ် ခိုးထုတ်နေတာဖြစ်ပါတယ်။

လုံခြုံရေးအဖွဲ့ဝင် ၃ သောင်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနယ်စပ်တလျှောက်မှာ နေ့စဉ် ကင်းလှည့်စောင့်ကြပ်နေပေမဲ့ နယ်စပ်ကနေလူတွေခိုးဝင်လာတာနဲ့ နွားတွေ ခိုးထုတ်နေတာကို တချိန်ထဲမှာ တားဆီးဖို့ဆိုတာ အတော်ခက်ပါတယ်လို့ အိန္ဒိယနယ်ခြားစောင့်တပ် အကြီးတန်းအရာရှိတယောက်ကပြောပါတယ်။ အဲဒီလိုအခက်အခဲဖြစ်နေတဲ့အကြောင်းကို အစိုးရအရာရှိတွေဆီ တင်ပြထားပြီးဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အိန္ဒိယနိုင်ငံထဲ ရိုဟင်ဂျာ ဝင်ရောက်မှု နဲ့ နွား မှောင်ခိုခိုးထုတ်မှု တားဆီး အိန္ဒိယနိုင်ငံထဲ ရိုဟင်ဂျာ ဝင်ရောက်မှု နဲ့ နွား မှောင်ခိုခိုးထုတ်မှု တားဆီး Reviewed by THITHTOOLWIN on 07:55 Rating: 5
Powered by Blogger.