ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီး ကျောင်းဆရာမ သေဆုံး


ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့နယ် ၊ ကြာဖူးငုံလက်ပံကျေးရွာအနီး လပွတ္တာ ၊ မြောင်းမြ ၊ ရန်ကုန် ကားလမ်း ၊ မိုင်တိုင်(၄၈)အကျော်မှာ အောက်တိုဘာ(၃၀)ရက် နံနက်(၉)နာရီ(၄၅)မိနစ်က မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာကနေ
ကျောင်းဆရာမ တစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။


 ဖြစ်စဉ်မှာ ကျောင်းဆရာမတစ်ဦးဟာ Honda Wave အနက်ရောင်ဆိုင်ကယ်နဲ့ကျောင်းကိုအသွား ရှေ့ကဆိုင်ကယ်ကိုကျော်တက်ရာ ဆိုင်ကယ်မှာအရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောကနေ မောင်းနှင်လာတဲ့ နစ်ဆန်းအဖြူရောင်ယာဉ်နဲ့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ကျောင်းဆရာမဟာ ဒဏ်ရာတွေရရှိခဲ့ပြီး မြောင်းမြပြည်သူ့ဆေးရုံကို ပို့ဆောင်စဉ်လမ်းခရီးမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 ဖြစ်စဉ်ကြောင့်ယာဉ်တွေကို မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်ခဲ့တဲ့ ယာဉ်မောင်းနဲ့ အဲဒီဆရာမကိုမြောင်းမြရဲစခန်းက ယာဉ်(ပ)၆၂/၂၀၁၇ l ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ ဒီသတင်းကိုအောင်မင်း(မြောင်းမြ)ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီး ကျောင်းဆရာမ သေဆုံး ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်စီး ကျောင်းဆရာမ သေဆုံး Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.