ဆိုင်ကယ်စီးသူနှစ်ဦး လမ်းဘေးတွင် သေဆုံးနေပြီး တိုက်သွားသည့်ယာဉ် ထွက်ပြေးတိမ်းရှောင်နေ


ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်း မြို့နယ်၊သစ်ဆိမ့်ကုန်းအုပ်စု၊ မကျီး ကုန်းကျေးရွာအနီးမှာ အောက်တိုဘာ(၂၄)ရက် မနက် (၇)နာရီ မိနစ်(၅၀)အချိန်က ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံးနေတာကိုတွေ့ရပြီး တိုက်သွားတဲ့ယာဉ်မှာ ထွက်ပြေးတိမ်း ရှောင်နေတယ်လို့ ကျောင်းကုန်းမြို့မရဲစခန်းကနေသိရပါတယ်။ အဲဒီသေဆုံးသူ အမျိုးသားနှစ်ဦးမှာ သစ်ဆိမ့်ကုန်းအုပ်စု၊ ရွှေကညင်ပင်ကျေးရွာကလို့သိရပါတယ်။


 သတင်းအရ အခင်းဖြစ်နေရာကို ကျောင်းကုန်းမြို့မရဲစခန်းက ဒု-ရဲအုပ်နဲ့ တာဝန်ရှိသူ တွေသွားရောက်စစ်ဆေးရာ ရန်ကုန်-ပုသိမ်ကားလမ်း၊ မကျီးကုန်းကျေးရွာအနီးမှာအမျိုးသားနှစ်ဦး ကားတိုက်ခံရတာလို့ ထင်ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ ခဲ့ရတာဖြစ်ပါတယ်။

 ဒါ့အပြင် သေဆုံးသူနှစ်ဦးရဲ့အနီးမှာ ဆိုင်ကယ်တစ်စီးနဲ့ ကားမှန်ကွဲစတွေ၊ မီးခွက် အကွဲစတွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ အဲဒီလို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် တိုက်ပြေးသွားတဲ့ယာဉ်ကို လိုက်လံစုံစမ်းရာမှာ လှဧရာစားသောက်ဆိုင်နဲ့ နီကိုစားသောက်ဆိုင်ကြားက ခြံကွက်လပ်အတွင်းတွေ့ရှိခဲ့ပြီး ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်မှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပါတယ်။

 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်မဆင်မခြင် မောင်းနှင်မှုနဲ့ လူကိုထိခိုက်သေဆုံးစေသူ အမည်မသိယာဉ်မောင်းကို ယာဉ်(ပ)၅၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။ ဒီသတင်းကို ၀င်းကြိုင်(ကျောင်းကုန်း)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဆိုင်ကယ်စီးသူနှစ်ဦး လမ်းဘေးတွင် သေဆုံးနေပြီး တိုက်သွားသည့်ယာဉ် ထွက်ပြေးတိမ်းရှောင်နေ ဆိုင်ကယ်စီးသူနှစ်ဦး လမ်းဘေးတွင် သေဆုံးနေပြီး တိုက်သွားသည့်ယာဉ် ထွက်ပြေးတိမ်းရှောင်နေ Reviewed by THITHTOOLWIN on 16:04 Rating: 5
Powered by Blogger.