သန်လျင်ဘုရားကုန်းကျေးရွာ ကညင်ပင်၂ လမ်း၌ မီးလောင်မှုဖြစ်ပွား


သန်လျင် အောက်တိုဘာ ၎

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာ(၂)လမ်းရှိ ဦးမောင်ဇော်+ဒေါ်ရင်ထိုက်တို့၏ နေအိမ်တွင် အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က မီးအားမြှင့်စက် အပူလွန်ကဲမှုဖြစ်ပွားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ၁၀ပေ × ပေ၄၀ အုပ်ညှပ်အိမ်နှင့် အနီးရှိ ပေ ၃၀×ပေ၄၀ အိမ်သို့လည်း မီးကူးစက်လောင်ကျွမ်းခဲ့သည်။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ အချိန်မီ ရောက်ရှိကူညီ ခဲ့ပြီး တောင်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၃၀ဦး၊ နယ်မြေခံ တပ်မတော်သားများ ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ကျေးရွာပြည်သူများက မီးသတ်ယာဉ် ၅စီးနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီမိနစ် ၅၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို သန်လျင်မြို့မ ရဲစခန်းမှ မီးပေါ့ဆမှု့ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သန်လျင်ဘုရားကုန်းကျေးရွာ ကညင်ပင်၂ လမ်း၌ မီးလောင်မှုဖြစ်ပွား သန်လျင်ဘုရားကုန်းကျေးရွာ ကညင်ပင်၂ လမ်း၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:22 Rating: 5
Powered by Blogger.