၎ ရက်အတွင်း သစ်တန်ချိန် ၄၀၀ ကျော် ဖမ်းမိ

ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ်။ Photo: Wai Mar Tun/RFA
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြိုနဲ့ ကျွန်းစုမြိုနယ်တွေမှာ စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၃ ရက်နေ့အထိ ၄ ရက်အတွင်း တရားမဝင်သစ်တန်ချိန် ၄၀၀ကျော်ကို ဖမ်းဆီးရမိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ က ပြောပါတယ်။

မြိတ်မြို့က သစ်တန်ချိန် ၄ရာကျော်နဲ့ ကျွန်းစုမြိုနယ်က ၃၆တန်ကျော် ဖမ်းမိတာဖြစ်ပြီး သစ်တောဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တနင်္သီာရတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ကပြော ပါတယ်။

ဒီတရားမဝင် ဖမ်းဆီးရမိတဲ့သစ်တွေကို များသောအားဖြင့် မြိတ်နဲ့ ကျွန်းစုတွေရှိ ငါးဖမ်းလှေတွေ တည်ဆောက်ပြု လုပ်တဲ့ လှေလွန်းကျင်းတွေက အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

ဒီသစ်တန် ၄၀၀ကျော် ဖမ်းမိရာမှာ ပိုင်ရှင် ၃၀ ကျော်ပါ ဖမ်းမိခဲ့ပြီး ဖမ်းမိရတဲ့သူတွေကို သစ်တောဥပဒေ ၃၃ က သို့မဟုတ် ၄၁ က စတဲ့ ပုဒ်မတွေနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့သစ်တွေမှာ သစ်မာအမျိုးအစားတွေ မပါဝင်ဘဲ သစ်မာမဟုတ်တဲ့ အခြားသားအဖြစ် သတ်မှတ်ထားတဲ့ သစ်တွေဖြစ်တယ်လို့ သိရပါတယ်။

သစ်တောဥပဒေ ၃၃ က အရဆိုရင် အခြားသားသစ် ၃တန်အောက်ဆိုရင် ဒါဏ်ငွေရိုက်တာအပြင် ပစ္စည်း သိမ်းဆည်းတာ၊ တန်ဖိုး၂ဆနဲ့ ပြန်လည်ဝယ်ယူရတာတွေပြုလုပ်ရပြီး  ၃တန်အထက်ဆိုရင် သစ်တောဥပဒေပုဒ်မ ၄၁ က အရ တရားရုံးမှာ တရားစွဲဆိုခံရမှာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
၎ ရက်အတွင်း သစ်တန်ချိန် ၄၀၀ ကျော် ဖမ်းမိ ၄ ရက်အတွင်း သစ်တန်ချိန် ၄၀၀ ကျော် ဖမ်းမိ Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.