![]() |
ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ် UN-Habitat က အရာရှိတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးတို့ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ဆုံစဉ်။ Photo: Prof Win Myat Aye |
ဒီဆွေးနွေးပွဲသတင်းနဲ့ပတ်သက်ပြီး Global New Light of Myanmar သတင်းစာမှာ ရခိုင်ဒေသက အပြောင်းရွှေ့ခံ ဒုက္ခသည်တွေအတွက် နေအိမ်တွေပြန်လည်တည်ဆောက်ရာမှာ ကုလသမဂ္ဂဘက်က နိုင်ငံတကာအတွေ့အကြုံတွေ နဲ့ နှိုင်းယှဉ်ပြီး မြန်မာလူမှုရေးနဲ့ ရေမြေသဘာဝနဲ့ ကိုက်ညီမယ့် စီမံချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖေါ်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံး ပြောရေးဆိုခွင့်ရှိသူ Stanislav Saling က ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး အစီအစဉ်အနေနဲ့ ဒုက္ခသည်တွေ ပြန်လည်နေရချထားရေးအတွက် အိုးအိမ်တွေဆောက်လုပ်ရာမှာ သင့်တော်တဲ့ စည်းကမ်းချက်တွေနဲ့အညီ ဆောက်လုပ်ဖို့လိုကြောင်း အလေးအနက်တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။
ဒုက္ခသည်တွေအနေနဲ့ ဥပဒေမဲ့ ဖယ်ရှားခံခဲ့ရတဲ့ သူတို့ရဲ့မူလနေထိုင်ရာ အရပ်ဒေသတွေကို ပြန်လည်နေထိုင်ခွင့် ရှိတယ်လို့ ကုလသမဂ္ဂက အခြေခံမူဝါဒထားရှိတယ်လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဒုက္ခသည်အိမ်ဆောက်ရေး အစိုးရနဲ့ သဘောတူညီချက် မရသေးဟု ကုလပြောဆို
Reviewed by THITHTOOLWIN
on
10:48
Rating:
