ဝေါ အောက်တိုဘာ(၅)
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားအုတ်ကျင်းကျေးရွာအနီး ယနေ့ အောက်တိုဘာ( ၅) ရက် နေလည် (၁) နာရီကျော်အချိန်ခန့် က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရ ရှိသူများပြားကြောင်း ဝေါမြို့မရဲစခန်းနှင့်နီးစပ်သူတစ်ဦ ထံကသတင်းရ ရှိသည်။
"နေ့ လည်( ၁) နာရီနီးပါးလောက်ရှိမယ် ဘုရားဖူးကားလို့ ထင်တယ် အရှိန်လွန်ပြီး လမ်းဘေးထိုးကြတာဒဏ်ရာ ရတဲ့သူတော့များတယ် "ဟု ယာဉ်တိမ်းမှောက်မှုအား သွားရောက်ကြည့်ရှုသူ ဝေါမြို့ခံတစ်ဦးကပြောသည်။
ဖြစ်စဉ်မှာ ရန်ကုန် မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၇၄/၇ နှင့် ၇၅/၀) ကြား ကျို က်ထို ဘက်မှ ဝေါမြို့ ဘက်သို့  ယာဉ်မောင်း မျိုးလှို င်စိုး ရန်ကုန် ရွှေပြည်သာမြို့ နေသူ မောင်းနှင်လာသော YGN - 8C့ ကားမှာ အဗျားအုတ်ကျင်းကျေးရွာအနီး တွင်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းမှ ဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသူ ကျား (၂)ဦ မ(၉)ဦ နှင့် ယာဉ်မောင်းမျိုးလှိုင်စိုး တို့ မှာ ထိခိုက်ဒဏ်ရာများရ ရှိခဲ့ပြီး ယာဉ်တိမ်းမှောက်မှုနှင့်ပက်သက်၍ ဝေါမြို့မရဲစခန်းမှ ယာဉ် (ပ) ၄၅/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ /၃၃၈ ဖြင့်ယာဉ်မောင်းမျိုးလှိုင်စိုးအား
အမှုဖွင့်လှစ်ထားကြောင်းသိရသည်။
Waw Media Page
https://www.facebook.com/reporter.wawmedia
အရှိန်လွန်ယာဉ် တိမ်းမှောက်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ များပြားဟုဆို
Reviewed by THITHTOOLWIN
on
20:49
Rating:
