ဆန္ဒပြ အမျိုးသမီး အစိုးရ ပြုတ်ကျအောင် ကြံစည်မှုနဲ့ ရဲက ဖမ်းဆီး

( ၂၀၁၆ က စက်ရုံ ရေဆိုးတွေ စည်းကမ်းမဲ့ စွန့်ပစ်လို့ ငါးတွေ သေခဲ့ရပုံ )
ဗီယက်နမ် နိုင်ငံ မှာ ထိုင်ဝမ် သံမဏိစက်ရုံတရုံက ရေဆိုးတွေ ပင်လယ်စပ်ကို စည်းကမ်းမဲ့ ထုတ်လွှတ်လို့ ငါးတွေ သိန်းသန်းချီပြီး သေခဲ့ရတာကို ဆန္ဒပြခဲ့သူ အမျိုးသမီးတဦးကို အစိုးရ ပြုတ်ကျအောင် ကြံစည်မှုနဲ့ ရဲတပ်က ဖမ်းဆီးလိုက်ပါတယ်။

ဒီအမျိုးသမီးရဲ့ လုပ်ရပ်တွေဟာ အစိုးရ သိက္ခာကျဆင်းပြီး ပြုတ်ကျအောင် ကြံရွယ်တာဖြစ်လို့ ပုဒ်မ ၇၉ နဲ့ ငြိစွန်းတယ်လို့ အစိုးရ သတင်းစာတွေက ရေးသားပါတယ်။

အဲဒီိ ပုဒ်မဟာ အစိုးရကို အာခံဆန့်ကျင်သူတွေကို အရေးယူဖို့ ဖန်တီးထားတာလို့ လူ့အခွင့်အရေးသမားတွေ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဖေါ်မိုဆာ အမည်ရှိ သံမဏိစက်ရုံက ပင်လယ်ထဲကို ရေဆိုးတွေ စည်းကမ်းမဲ့ ထုတ်လွှတ်တဲ့အတွက် ငါးတွေ တန်ချိန် အမြောက်အများ သေကျေပြီး တံငါရွာတွေ အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး ဆန္ဒပြပွဲတွေ ဖြစ်ပွါးခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဆန္ဒပြ အမျိုးသမီး အစိုးရ ပြုတ်ကျအောင် ကြံစည်မှုနဲ့ ရဲက ဖမ်းဆီး ဆန္ဒပြ အမျိုးသမီး အစိုးရ ပြုတ်ကျအောင် ကြံစည်မှုနဲ့ ရဲက ဖမ်းဆီး Reviewed by THITHTOOLWIN on 05:56 Rating: 5
Powered by Blogger.