ရွယ်မရောက်သေးသည့် ကလေးငယ်အား သားမယားအဖြစ် ကြံစည် သူအား အမှုဖွင့်


တာချီလိတ် အောက်တိုဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၌ အရွယ်မရောက်သေးသည့် မိန်းကလေးငယ်အား သားမယားအဖြစ် ကြံ စည်သူအား အောက်တိုဘာ ၃ ရက်နေ့လည် ၃ နာရီ ၂၀ မိနစ်က အမှု ဖွင့်အရေးယူထားကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဒေါ်စိမ်း(အမည်လွှဲ)သည် အလုပ်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် ခင်ပွန်းဖြစ်သူ ရောက်ရှိလာပြီး သမီး ဖြစ်သူ(၅ နှစ်)အား တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်း တွင် ဈေးရောင်းရန် ခေါ်ဆောင်သွားရာမှ ပျောက်နေကြောင်း၊ လိုက်ရှာပေး ရန် ပြောဆိုသဖြင် ၄င်းတို့ နှစ်ဦး လိုက်လံရှာဖွေရာ နေ့လည် ၁၂ နာရီကျော် ခန့်တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းအတွင်းရှိ ယာယီဆောက် လုပ်ထားသော အိမ်သာအတွင်း၍ နေမင်း ဆိုသူမှ သမီးဖြစ်သူအား ဂါဝန် အား ဆွဲလှန်ကာ သားမယားပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့ရသဖြင့် အရွယ်မရောက်သေးသော သမီးဖြစ်သူအား သားမယားပြုကျင့်ရန် ကြံ စည်ခဲ့သူ နေမင်းအား ဥပဒေအရ အရေးယူပေးရန် မိခင်ဖြစ်သူက တရား လိုပြုလုပ်တန်တိုင်းမှုဖြစ်သည်။

အမှုမှ အရွယ်မရောက်သေးသူအား သားမယားပြုကျင့်ရန် ကြံစည်ခဲ့ သူ နေမင်း၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့ မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
https://www.facebook.com/mjin.mou.1
ရွယ်မရောက်သေးသည့် ကလေးငယ်အား သားမယားအဖြစ် ကြံစည် သူအား အမှုဖွင့် ရွယ်မရောက်သေးသည့် ကလေးငယ်အား သားမယားအဖြစ် ကြံစည် သူအား အမှုဖွင့် Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.