ရန်ကုန်တိုင်းအတွင်းက လုပ်ကိုင်ခြင်းမရှိတဲ့ နိုင်ငံပိုင်အဆောက်အဦးနဲ့ မြေကွက်တွေကို ပြန်လည်စိစစ်တော့မယ်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အဦးနဲ့ မြေကွက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတာတွေကို ပြန်လည်စိစစ်သွားမယ်လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

 ဒီအဆောက်အအုံနဲ့မြေကွက်တွေဟာ တိုင်းဒေသကြီးအစိုးရထက်စာရင် ပြည်ထောင်စုအဆင့်နဲ့ သက်ဆိုင်တာက (၉၀)ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့လွှတ်တော်မှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးရဲ့ တိုက်တွန်းကြောင်းအဆိုနဲ့ စပ်လျဉ်းပြီး ပြန်လည်ဖြေကြားရာမှာ
ပြောကြားခဲ့တာပါ။

လွှတ်တော်ကိုယ်စားလှယ်ဦးလှဌေးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်အဆောက်အဦးနဲ့
မြေကွက်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရယူထားပြီး ဒီနေ့အထိ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတဲ့ စည်းကမ်းနဲ့မကိုက်ညီတာတွေကို နိုင်ငံပိုင်အဖြစ်ပြန်လည်သိမ်းဆည်းဖို့ တိုင်းဒေသကြီးအစိုးရကို တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့တာဖြစ်ပါတယ်။

 ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ပါဝင်ဆွေးနွေးခဲ့ကာ လွှတ်တော်က မှတ်တမ်းတင်ခဲ့ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အဲဒီအဆောက်အအုံနဲ့ မြေကွက်စာရင်းတွေကိုလည်း မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အကူအညီနဲ့ ဒီနှစ်အတွင်းမှာ ပြုစုကောက်ခံသွားမယ်လို့ ဦးလှဌေးက ပြောပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews/
ရန်ကုန်တိုင်းအတွင်းက လုပ်ကိုင်ခြင်းမရှိတဲ့ နိုင်ငံပိုင်အဆောက်အဦးနဲ့ မြေကွက်တွေကို ပြန်လည်စိစစ်တော့မယ် ရန်ကုန်တိုင်းအတွင်းက လုပ်ကိုင်ခြင်းမရှိတဲ့ နိုင်ငံပိုင်အဆောက်အဦးနဲ့ မြေကွက်တွေကို ပြန်လည်စိစစ်တော့မယ် Reviewed by THITHTOOLWIN on 18:20 Rating: 5
Powered by Blogger.