ပန်းတောင်း အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအမှတ်(၃) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် အောက်တိုဘာလ ၁ ရက်နေ ည၈နာရီခွဲတွင် လင်မယားနှစ်ဦးစကားများရန်ဖြစ်ရာမှ ယောက်ျားဖြစ်သူက လက်သီးနှင့်ထိုးခြေထောက်ဖြင့်ကန်ရာဇနီးဖြစ်သူ သေဆုံးသွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၁-၁ဝ-၂ဝ၁၇ ရက်နေ့ ည ၈နာရီခွဲတွင် ဆင်တဲကျေးရွာအမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဒုတပ်ကြပ်ဝင်းနိုင်သည် ဇနီးဖြစ်သူ ဒေါ်စန်းညွန့်တင် နေအိမ်လိုင်းခန်းတွင်မရှိဘဲ ဒေသ(၁)လိုင်းခန်းဘက်သို့ သွားရောက်နေကြောင်းသိရသဖြင့် လိုက်လံခေါ်ဆောင်ရာ တပ်ရင်းဆေးခန်းအနီး၌ ဇနီးဖြစ်သူအားတွေ့ရှိပြီး လင်မယားနှစ်ဦးစကားများရန်ဖြစ်ခဲ့ရာ ဒုတပ်ကြပ်ဝင်းနိုင်မှ ဇနီးဖြစ်သူအား ဒေသအလျောက် လက်သီးဖြင့်ထိုး ခြေထောက်ဖြင့်ကန်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်စန်းညွန့်တင်(၃၇ )နှစ် (ဘ)ဦးမောင်ကြည်လွင်တွင် နှုတ်ခမ်းတစ်လက္ခခန့်ပေါက်ပြဲ ဒဏ်ရာ၊ နားနှစ်ဘက်နောက်နှင့် လည်ပင်းရှေ့တို့တွင်ဖူးရောင်သွေးဥဒဏ် ရာ၊ ယာနံစောင်းဖူးရောင်၊ ဝဲလက်ဖျံနှင့်ပခုံးတို့တွင် ဖူးရောင်သွေးခြေဥဒဏ်ရာ၊ ယာခြေသလုံးပွန်းပဲ့ဒဏ်ရာများဖြင့် သေဆုံး သွားခဲ့သည်။
ပြစ်မှုကျူးလွန်သူ ဒုတပ်ကြပ် ဝင်းနိုင်(၃၇)နှစ်(ဘ)ဦးငစိန်အား အမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်ရင်းဗဟိုကင်းအချုပ်တွင် ချုပ်နှောင်ထားရှိပြီး ပန်းတောင်းမြို့မရဲစခန်းမှ အမှုရေးဖွင့်ပြီး အမှုစစ်စခန်းမှူး ဒုရဲမှူး အောင်အောင်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပန်းတောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ ယောက်ျားလက်သီးချက်ဖြင့် ဇနီးဖြစ်သူသေဆုံး
Reviewed by THITHTOOLWIN
on
06:49
Rating:
