ကော့သောင်းမြို့ ၊ ပုလုံးတုံတုံးကျေးရွာတွင် အသက်(၁၁)နှစ်အရွယ်၊ တတိယတန်းကျောင်းသူ တစ်ဦးအား အမျိုးသားတစ်ဦးမှ သားမယားအဖြစ်ပြုကျင့်ရန်ကြံစီမှု ဖြစ်စဉ်တစ်ခု အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ကျေးရွာနေ ရေလုပ်သား ထင်ပေါ်စိုး (၃၉)နှစ် ဆိုသူ အမျိုးသားတစ်ဦးသည် မ-------(၁၁) နှစ် နှင့် အတူ ရွာအနောက်ဖက်ကမ်းခြေ ကျောက်ပုံအနီးခြုံတောအတွင်းမှ ထွက်လာသည်ကို မလှမ်းမကမ်းတွင်ရှိနေကြသည့် တစ်ရွာတည်းနေ မောင်သက်ပိုင်စိုး နှင့် မောင်နိုင်လင်းတို့နှစ်ဦး မှ မြင်တွေ့လိုက်သဖြင့် မ------(၁၁)နှစ်၏ မိဘများထံ သွားရောက်အကြောင်းကြားစဉ် မ-----(၁၁)နှစ် မှာ တစ်ဦးတည်းအိမ်သို့ပြန်လည် ရောက်ရှိလာပြီး မိဘဖြစ်သူများမှချော့မော့ မေးမြန်းရာ သူမအား ထင်ပေါ်စိုး (၃၉)နှစ် မှ သားမယားပြုကျင့်ရန်ကြံစီ ခြင်းဖြစ်ကြောင်း သိရှိပေါ်ပေါက်သဖြင့် မ------၏ မိဘ များမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲက အစည်းများမှ တဆင့် ကော့သောင်းမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်းတန်းခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထင်ပေါ်စိုး (၃၉)နှစ် အား ကော့သောင်းရဲတပ်ဖွဲ့စခန်(ပ)၁၆၇၀/၂၀၁၇ ပုဒ်မ ၃၇၆/၅၁၁ အရအမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
Aung Zaw Min Tun
ပုလုံးတုံတုံးကျေးရွာတွင် အသက်(၁၁)နှစ်အရွယ် ကလေးငယ်အား မယားအဖြစ် ပြုကျင့်ရန်ကြံစီမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
10:41
Rating:
