တာချီလိတ်၌ ငါးရှော့တိုက်ရာမှ အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံး


တာချီလိတ် အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ ရေမြောင်းအတွင်း ငါးရှော့တိုက်ရာမှ အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး သည့် ဖြစ်စဉ် အောင်တိုဘာ ၂၉ ရက်နေ့ည ၁ဝ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်တိုဘာ ၂၉ ရက်နေ့ည ၁ဝ နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၌ ရေမြောင်းအတွင်း ငါးရှော့တိုက်ရာမှ အမျိုးသားတစ်ဦး ဓါတ်လိုက်သေ ဆုံးကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ မြို့မစခန်းမှူး ဒုရဲမှူး ကြည်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဆေးခမ်းရပ် ကွက် လမ်းဘေးရှိ အကျယ် ခြောက်ပေ၊ အနက် သုံးပေခွဲခန့်ရှိ ရေမြောင်းအတွင်း မှောက်လျက်အနေထားဖြင့် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်မေးရာ သေဆုံးသူမှာ ဦးထွန်းမြင့်နိုင်(ခ)ကိုကျော် ဆိုသူဖြစ်ပြီး နေအိမ်နောက်ဘေးရှိ ရေမြောင်းအတွင်းတွင် ¤င်းအိမ်ရှိ လျှပ်စစ်မီး ပလပ်ခုံမှ တဆင့် မီးကြိုးသွယ်ကာ ရေ မြောင်းအတွင်း ငါးရှော့တိုက်ရာမှ မီးကြိုးပေါက်ကာ ဓါတ်လိုက်သေဆုံးဖြစ်ကြောင်း စစ်ဆေးသိရသဖြင့် အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဆေးစာရေးသားပို့အပ် ခဲ့သည်။

ဓါတ်လိုက်သေဆုံခြင်းသူ ဦးထွန်းမြင့်နိုင်(ခ)ကိုကျော် (၄၉ နှစ်)၊ ဆေးခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူ သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
တာချီလိတ်၌ ငါးရှော့တိုက်ရာမှ အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံး တာချီလိတ်၌ ငါးရှော့တိုက်ရာမှ အမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံး Reviewed by THITHTOOLWIN on 19:18 Rating: 5
Powered by Blogger.