ကျိုင်းတုံမြို့တွင် ငွေကျပ် ၆၂,၅၀၀ သိန်း တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ


၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့ ၀၅၄၅ အချိန် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ တပ်မတော်သားများ၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်ခံရေး စခန်းတွင် မိုင်းပျင်းမြို့ဘက်မှ ကျိုင်းတုံမြို့သို့ မိုင်းပျင်းမြို့၊ ပိန်းဆန်းရပ်ကွက်နေသူ မြဝင်း (ဘ) ဦးမောင်အေး၊ ဓနု-ဗမာ/ဗုဒ္ဓ၊ မောင်းနှင်လာသည့် 6J/xxxx CROWN အမျိုးအစား မော်တော်ယာဉ်အားဖွေရာ ယာဉ်၏နောက်ခန်းမှ ပလတ်စတစ်စဖြင့် ပတ်လျက် GUAN YIN WANG နှင့် တရုတ်စာတမ်းပါအဝါရောင်အိတ်များဖြင့်ထည့်ထားသော(မက်အက်ဖက်တမင်းဟိုက်ဒြိုကလိုရိုက်) တစ်ကီလိုခန့်စီပါ ၂၅၀ အိတ်၊ စုစုပေါင်းအလေးချိန် ၂၅၀ ကီလို၊ လက်ကိုင်ဖုန်း တစ်လုံး၊ ငွေကျပ်၃ သိန်း၊ ATM ကတ် တစ်ခု နှင့် ယာဉ်သက်သေခံကတ်ပြား တစ်ခု၊ မြဝင်း အမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခုတို့ကို သိမ်းဆည်းရမိ ခဲ့ပါသည်။


ကွင်းဆက်ဖော်ထုတ်ချက်အရ တုံတာမြို့နေ ငြိမ်းချမ်းထမင်းဆိုင် ပိုင်ရှင် ဒေါ်နန်းရှဲန်မှ တာချီလိတ်မြို့သို့ ပို့ဆောင်ပေးရန် သယ်ဆောင်ခငွေကျပ် သိန်း ၃၀ ပေးသဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ ပူးပေါင်းအဖွဲ့သည် ဒေါ်နန်းရှဲန်အား ၁၃၅၀ အချိန် တုံတာမြို့တွင် ဖမ်းဆီးရမိခဲ့သဖြင့် မြဝင်း(၂၅)နှစ်၊ (ဘ)ဦးမောင်အေး၊ ယာဉ်မောင်း၊ အမှတ်(ပ/၂၁)၊ ပိန်းဆန်းရပ်ကွက်၊ မိုင်းပျင်းမြို့နေသူနှင့် ဒေါ်နန်းရှဲန် ၊ (၄၆) နှစ်၊ (ဘ) ဦးကောလိန်ဒ၊ ငြိမ်းချမ်း ထမင်းဆိုင်ပိုင်ရှင်၊ အမှတ်(၃)ရပ်ကွက်၊ တုံတာမြို့နေသူတို့နှစ်ဦးအား ကျိုင်းတုံမြို့မရဲစခန်း မယ(ပ) ၁၃၀/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူ ထားရှိပါသည်။


ဆက်လက်၍ ၂၂၃၀ အချိန် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ အမှတ် (ဝလ-၁၉၇) ရှိ စိုင်းအောင်ခမ်း နှင့် ဒေါ်နန်းရှဲန်တို့၏ နေအိမ်ကိုရှာဖွေရာ ခြံတံခါးသော့ခတ်ထားသည်ကိုတွေ့ရှိရသဖြင့် စောင့်ကြည့် နေစဉ် စိုင်းကြာ မောင်းနှင်ပြီး အိုက်ကောလိုက်ပါလာသည့် 7L/xxxx CROWN အမျိုးအစား မော်တော်ယာဉ်ရောက်ရှိလာ၍ ရှာဖွေရာ စိုင်းအောင်ခမ်းအမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားမူရင်း တစ်ခု၊ မီးဖိုဆောင်ရှိ ကော်ဘူးအတွင်း၌ ဖန်ပုလင်းငယ်ဖြင့်ထည့်လျက် ဘိန်းရည် သုည ဒသမ ၁၁ လီတာ ၊ ခပ်ခူးရှုရာတွင် အသုံးပြုသည့် ဝါးပြောင်း တစ်ခု တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်နန်းရှဲန် ၊ (၄၆) နှစ်၊ (ဘ) ဦးကောလိန်ဒ၊ ငြိမ်းချမ်း ထမင်းဆိုင်ပိုင်ရှင်၊ အမှတ်(၃)ရပ်ကွက်၊ တုံတာမြို့၊အိုက်ကော(၄၃)နှစ်၊ (ဘ)ဦးလုံးစော၊ အမှတ် (ဝလ/၁၉၇)၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် စိုင်းကြာ(၄၇)နှစ်၊ (ဘ) ဦးပီစိုင်း၊ ဈေးရောင်း၊ အမှတ် (၃/၁၂)၊ ပုန်းထွန် ၄ လမ်း၊ ပုန်းထွန်ရပ်ကွက်၊ တာချီလိတ်မြို့နေသူတို့အား တာချီလိတ်မြို့မရဲစခန်း မယ(ပ) ၆၀/ ၂၀၁၇၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Ministry of Home Affairs, Myanmar
https://www.facebook.com/officemohamyanmar/
ကျိုင်းတုံမြို့တွင် ငွေကျပ် ၆၂,၅၀၀ သိန်း တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ ကျိုင်းတုံမြို့တွင် ငွေကျပ် ၆၂,၅၀၀ သိန်း တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:14 Rating: 5
Powered by Blogger.