တပ်တွင်း စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေကြောင်း ထုတ်ပြန်


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ ARSA အကြမ်းဖက်အဖွဲ့ အပေါ် တန်ပြန်စစ်ဆင်ရေးဆောင်ရွက်ရာမှာ ပေါ်ပေါက်နေတဲ့ သတ်ဖြတ်မှု၊ မုဒိန်းမှု၊ မီးရှို့မှုစတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်ထဲမှာ တပ်တွင်းစုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးလျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်စဉ် ကာလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုတွေအပေါ် ပေးအပ်တဲ့ တာဝန်ဝတ္တရားတွေအတိုင်း ဆောင်ရွက်ခြင်း ရှိ/မရှိ၊ လိုအပ်တဲ့ စုံစမ်းစစ်ဆေးဆောင်ရွက်မှုတွေကို လုပ်ဆောင်နေကြောင်း၊ အချက်အလက်အပြည့်အစုံရရှိပါက တရားဝင်သတင်းထုတ်ပြန်မှု ပြုလုပ်သွားမှာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရဟာ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ စုံစမ်းရေးအဖွဲ့ကိုတော့ ပြည်ဝင်ခွင့် ငြင်းဆန်ထားဆဲဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တပ်တွင်း စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေကြောင်း ထုတ်ပြန် တပ်တွင်း စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေကြောင်း ထုတ်ပြန် Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.