မြစ်သားမြို့ မိုးရွာသွန်းမှုကြောင့် ရွာပေါင်း ၁၄ရွာလူဦးရေ ၇၀၀၀ကျော် ရေဘေးတွေ့ကြုံနေရ


မြစ်သား အောက်တိုဘာ ၁၃

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင်မိုးရွာသွန်းမှုကြောင့် ရွာပေါင်း ၁၄ရွာ ၊အိမ်ထောင်စုပေါင်း၁၄၁၉အိမ်၊လူဦးရေပေါင်း၇၀၈၄ဦးသည် ရေဘေးတွေ့ကြုံနေရကြောင်းအောက်တိုဘာ ၁၃ရက် မွန်းတည့် ၁၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။


အဆိုပါကျေးရွာများမှာဘူတာရပ်ကွက်မှ ၂၀၀အိမ်၊ နွားကူးလေး ကျေးရွာမှ ၂၃၉အိမ်၊ လောင်းတော်ဦးကျေးရွာမှ ၄၆အိမ်၊ကင်းစိန်ဈေး ကျေးရွာမှ ၃၀အိမ်၊ပေါက်မြိုင်ကျေးရွာမှ၃၂၂အိမ်၊အင်းရင်းကျေးရွာမှ၂၃၈အိမ်၊ရွာမုန်းကြီးကျေးရွာမှ၈၁အိမ်၊ဒါးရယ်ကောင်းကျေးရွာမှ၆၀အိမ်၊ ပုဏ္ဏားကျေးရွာမှ၁၇အိမ်၊ယွေးကျေးရွာမှ ၂၅ အိမ်၊ကျွဲဆွဲကျေးရွာမှ၁၃အိမ်၊မှိုင်းဟင်ကျေးရွာမှ၁၀အိမ်၊ကျွန်းလှကျေးရွာမှ၅၅အိမ်နှင့် တမာပင်ကျေးရွာမှ ၈၃ အိမ်တို့ဖြစ်ကြပြီးရေဘေးကြုံတွေ့နေရသောအိမ်ထောင်စုများထံသို့ သောက်ရေနှင့်ထမင်းထုပ်များ ဖြန့်ဝေနိုင် ရေး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကစီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ရဲဝင်းထွန်း(မြစ်သား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြစ်သားမြို့ မိုးရွာသွန်းမှုကြောင့် ရွာပေါင်း ၁၄ရွာလူဦးရေ ၇၀၀၀ကျော် ရေဘေးတွေ့ကြုံနေရ မြစ်သားမြို့ မိုးရွာသွန်းမှုကြောင့် ရွာပေါင်း ၁၄ရွာလူဦးရေ ၇၀၀၀ကျော် ရေဘေးတွေ့ကြုံနေရ Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.