မန္တလေးဆေးရုံကြီးတွင် လူနာရှင်နှင့် ဧည့်ကြိုဝန်ထမ်းတို့ စကားများနေသည်ကို စောင့်ဆိုင်းနေရ၍ လူနာသေဆုံးရခြင်းဆိုသည်မှာ မဟုတ်မှန်
"လူနာက ဆေးရုံရောက်စကတည်းက အသက်သေဆုံးနေပြီးသားပါ။ အဲဒါကြောင့်လည်း လူနာရှင်တွေက ဆရာဝန်ကို ကားပေါ်လာကြည့်ပေးဖို့ခေါ်တယ်။ သူတို့ခေါ်တဲ့အချိန်မှာ ဆေးရုံထဲမှာကလည်း အခြားအရေးပေါ်လူနာ ၃၊ ၄ဦးကို ကုသမှုတွေဆောင်ရွက်နေလို့ မအားကြဘူး၊ ဒါကိုသိတဲ့ ဧည်ကြိုဝန်ထမ်းက လူနာကို ကားပေါ်က ချပေးဖို့ပြောတယ်။ နောက်မှာလည်း အခြားလူနာတင်ယာဉ်တွေဝင်လာလို့ ကားရွှေ့ပေးဖို့ပြောရကနေစပြီး စကားများကြတယ်၊ ဖြစ်တာက လူနာရှင်တွေနဲ့မဟုတ်ပါဘူး ယာဉ်မောင်းနဲ့ဖြစ်တာပါ၊ လူနာက အမြင့် ပေ ၅၀ ခန့်ရှိတဲ့ ကျောက်တောင်ပေါ်က ပြတ်ကျတာဖြစ်ပြီး ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်း
မှာ ဒဏ်ရာရပြီး အာရုံကြောစနစ်ကို သွားထိတယ်၊ ချက်ခြင်း လတ်တလော သေနိုင်တဲ့ ဒဏ်ရာဖြစ်တယ်၊ လာကတည်းက အသက်ရှင်ဖို့မရှိဘူး၊ လမ်းတစ်ဝက်လောက်မှာကတည်းက သေဆုံးနေတယ် ထင်တယ်လို့ လူနာကို လိုက်ပို့တဲ့သူတွေထဲက ပြောတယ်၊ ဒါ့ကြောင့် ဆရာဝန်ကို ကားပေါ်တက်ကြည့်ပေးခိုင်းတာပါ၊ ဧည့်ကြိုဝန်ထမ်းနဲ့ စကားများနေလို့ ဆေးကုမပေးလို့ သေဆုံးသွားတာမဟုတ်ပါဘူး၊ ဒါကို လူနာရရှင်တွေဘက်ကလည်း လက်ခံတယ်"ဟု ဆေးရုံအုပ်ကြီးက ပြောကြားသည်။
"လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ VIDEO မှာ တာဝန်ကျဆရာဝန်တွေက လူနာကိုကားပေါ်က ချ လိုအပ်တာတွေ လုပ်
ပေးနေပါပြီ၊ အဲဒါတွေက Video မှာ မပါဘူး၊ စကားများနေတာပဲပါတယ်၊ လူနာရှင်တွေနဲ့ အခြားလူနာစောင့်တွေလည်း သိတယ်၊ တစ်ဖက်ကို ပြောမရလို့ ဒီဘက်ကို ပြန်တောင်ပန်နေကြတာပါ၊ အဲဒါကိုမှ ရှေ့ကဖြစ်နေတာတွေမပါတော့ အထင်လွဲကုန်တယ်၊ ဘာပဲဖြစ်ဖြစ် ဒီကိစ္စတစ်ခုကြောင့် ဆေးရုံကြီးရဲ့ အကောင်းဆုံးဆောင်ရွက်ပေးနေတဲ့ ကုသရေး
ပုံရိပ်တွေကို ထိခိုက်ကျဆင်းစေပါတယ်၊ ဝန်ထမ်း အဆင့်ဆင့်တိုင်းကို ယခုကဲ့သို့ဖြစ်စဉ်များမဖြစ်ရအောင် ထိန်းသိမ်းကြပ်မတ် ညွှန်ကြားဆောင်ရွက်ထားပါတယ်၊ ကိုယ့်ဝန်ထမ်းက ဧည့်ကြိုဝန်ထမ်းဖြစ်ပြီး အလုပ်နဲ့ ပြုမူပြောဆိုလိုက်တာ လွဲမှားသွားတယ်၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းကို လိုက်နာ
ရမှာဖြစ်တယ်၊ ငယ်ရွယ်သူ တစ်ယောက်အနေနဲ့ တုံ့ပြန်မှုမြန်ဆန်သွားတာဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာပါ၊ အဆိုပါ ဝန်ထမ်းကို အလုပ်ထုတ်ခြင်း၊ မထုတ်ခြင်းကတော့ ကျွန်မအနေနဲ့ ဆုံးဖြတ်လို့ မရပါဘူး၊ သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ရှိသူများကသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်၊ ယခုအခါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး ဆက်လက်တင်ပြထားပါတယ်" ဟု ထပ်လောင်း ပြောကြားသည်။
ထို့ပြင် သေဆုံးသွားသည့်လူနာ၏ ဦးလေးတော်စပ်သူ ဦးကျော်အေးမှလည်း လူနာက အရေးကြီးနေတော့ စိုးရိမ်စိတ်လွန်ကဲပြီး စကားပြော အဆင်မပြေရာကနေ စကားများကြခြင်းသာဖြစ်ပါတယ်၊ ကျန်ကျန်းမာရေးဝန်ထမ်းတွေဘက်က ပြောစရာမရှိပါဘူး၊ လိုအပ်တာ အကုန်လုပ်ပေးပါတယ်၊ ကိုယ့်လူနာကိုက တကယ်သေလောက်တဲ့ ဒဏ်ရာရထားတာဆိုတော့ လက်ခံတယ်၊ ကုသမှုနောက်ကျလို့မဟုတ်ပါဘူးဟု ပြောကြားသည်။
( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးဆေးရုံကြီးတွင် လူနာရှင်နှင့် ဧည့်ကြိုဝန်ထမ်းတို့ စကားများနေသည်ကို စောင့်ဆိုင်းနေရ၍ လူနာသေဆုံးရခြင်းဆိုသည်မှာ မဟုတ်မှန်
Reviewed by THITHTOOLWIN
on
16:47
Rating:
