မုံရွာမြို့တွင်ဗြောက်အိုးဖောက်ရာမှ လူငယ်ငါးဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ထန်းတောရပ်ကွက် နယ်မြေအမှတ်(၇)၊ ရွှေသိမ်တော်လမ်းကြား မိုယ်ကောင်း(အေးစေတီ) အုတ်တံအနီး မြေသားလမ်းပေါ်တွင် အောက်တိုဘာ(၆)ရက် ည ၈ နာရီအချိန်ခန့်က လောက်ကိုင်ဒေသလုပ် ဗြောက်အိုးတစ်လုံးအား ဖောက်ခဲ့ရာ အနီးရှိ လူငယ်ငါးဦးအား ဗြောက်အိုယမ်းစများ ထိမှန်ခဲ့ပြီး ဒဏ်ရာများရရှိခဲ့သည်။

အဆိုပါ ဗြောက်အိုးအား မြေသားလမ်းမပေါ်တွင် အနက် (၆)လက်မ၊ အကျယ် (၁)ပေခန့် ကျင်းတူးပြီးနောက် အခွံချွတ်ပြီးသား အုန်သီးမှုတ်အရွယ်အစား ၊ စနက်ယမ်းကြိုး တစ်ပေခွဲခန့်အား မြေကျင်းအတွင်းထည့်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ ၎င်းဗြောက်အိုး ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ မောင်မျိုးကျော် အပေါ်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ၊ မောင်ဝင်းကျော်စိုး ၀ဲဘက်ရင်ပေါက်ပြဲဒဏ်ရာ၊ မောင်အောင်မိုးသူ ၀ဲဘက်နားထင်ပေါက်ပြဲဒဏ်ရာ၊ မောင်မင်းမင်းထွေး ၀ဲ/ယာ ဒူးဆစ်ပေါက်ပြဲဒဏ်ရာနှင့် ဗြောက်အိုဖောက်ခွဲခဲ့သူ ကိုစစ်အောင်ဆိုသူမှာ ယာလက်မောင် ပွန်းပဲ့ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ဖုယောင်ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်း နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် အောင်ဆန်းလင်းနှင့်အဖွဲ့မှ မုံရွာပြည်သူ့ဆေးရုံကြီး ပြင်ပလူဌာနတွင် ဆေးဝါးများကုသမှုခံယူနိုင်ရန် ၀န်ဆောင်ကူညီမှုများ ပေးခဲ့သည်။

ထို့ကြောင့် ပေါက်ကွဲစေတတ်သော ဗြောက်အိုးအား ပေါ့လျော့စွာပြုလုပ်မှုကြောင့် အများပြည်သူ နာကျင်ဒဏ်ရာများရရှိစေခဲ့သည့်အတွက် မုံရွာမြို့ ထန်တောရပ်ကွက်နေ ကိုစစ်အောင်ဆိုသူအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးနိုင်ရန် ဒုရဲအုပ်အောင်ဆန်းလင်းမှ တရားလိုပြုလုပ်၍ မုံရွာနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရာ ရဲစခန်းမှ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိသည်။

မုံရွာနယ်မြေရဲစခန်း
မုံရွာမြို့တွင်ဗြောက်အိုးဖောက်ရာမှ လူငယ်ငါးဦး ထိခိုက်ဒဏ်ရာရ မုံရွာမြို့တွင်ဗြောက်အိုးဖောက်ရာမှ လူငယ်ငါးဦး ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.