အမြန်လမ်းတွင် ယာဉ်နှစ်စီးတိုက်မိ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့် ရှေ့မှကားကိုဝင်တိုက်ခြင်းဖြစ်


ကျောက်တံခါး အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် မြို့ချောင်းအမြန် လမ်းမကြီးရဲစခန်းအပိုင်တွင် အောက်တိုဘာလ ၁၁ ရက်နေ့  ယနေ့ နံနက် ၇ နာရီက ယာဉ်မတော် တဆမှုဖြစ်ပွားရာမှ လူထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၁/၂ နှင့် ၉၁/၃ အကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက် သို့ ယာဉ်မောင်းအောင်နိုင်(၂၇နှစ်) နွယ်အေးရပ်ကွက် ဒေါပုံမြို့နေသူ မောင်းနှင်လာသောယာဉ်အမှတ် BB/---- Pro Box အဖြူရောင် မော်တော်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်လွန်ကာရှေ့မှ မောင်းနှင်နေသော HIJET အဖြူ ရောင်ယာဉ်၏ နောက်ပိုင်းကို ဝင်ရောက်တိုက်မိပြီး Pro Box ယာဉ်မှာ လမ်းဘေးမြေသားလမ်း ပေါ်တွင် ရပ်တန့်ကာ HIJET ယာဉ်မှာလမ်း၏ ယာဘက်ခြမ်းရေ မြောင်းထဲသို့ ထိုးကျရပ်တန့်ခဲ့ သည်။

 ယင်းဖြစ်စဉ်ကြောင့် Pro Box ယာဉ်ပေါ်ပါရှိသူများ ထိခိုက် ဒဏ်ရာမရရှိခဲ့သော်လည်းHIJET ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ ကျားနှစ်ဦးအနက် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ မြို့ချောင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ယာဉ် နှစ်စီးမှာ ပျက်စီးခဲ့ကြောင်းသိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် ကိုမဆင်မခြင်ပေါ့လျော့စွာမောင်း နှင်သူ အောင်နိုင်အား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် (ပ)၇ဝ/၂ဝ၁၇ရာဇသတ်ကြီးပုဒ်မ ၃၃၇ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

The Union Daily
https://www.facebook.com/uniondaily.net
အမြန်လမ်းတွင် ယာဉ်နှစ်စီးတိုက်မိ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့် ရှေ့မှကားကိုဝင်တိုက်ခြင်းဖြစ် အမြန်လမ်းတွင် ယာဉ်နှစ်စီးတိုက်မိ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့် ရှေ့မှကားကိုဝင်တိုက်ခြင်းဖြစ် Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.