သျှမ်းပြည်အရှေ့ပိုင်းတွင် တပ်မတော်သားတဦးက အရာရှိကို လက်ပစ်ဗုံးဖြင့်ပစ်


သျှမ်းပြည်အရှေ့ပိုင်းမိုင်းဆတ်အခြေစိုက် အစိုးရတပ်မတော်၏ ခလရ ၂၇၈ တပ်ရင်းဗိုလ်ကြီးအား တပ်မတော်သားတဦးက လက်ပစ်ဗုံးဆွဲပစ်ရာမှ အရာရှိစစ်သည်အချို့ဒဏ်ရာရှိသွားသည်ဟုသိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က မိုင်းပျဉ်းမြို့နယ် ပျက်ကန့်အုပ်စုဝင် ဝမ်ကန်ရွာအတွင်း အခြေချ လှုပ်ရှားသည့် ခလရ ၂၇၈ ၏စစ်ကြောင်းမှ အရာရှိ နှင့် တပ်သားအချေအတင်စကားများကြရာ တပ်သားက ၎င်းအရာရှိအား လက်ပစ်ဗုံးဖြင့်ပစ်ခဲ့ကြောင်း၊ ဗုံးခွဲမှုကြောင့် အဆိုပါ အရာရှိ ဒဏ်ရာပြင်းထန်ကြောင်း၊ လက်ရှိတွင် တပည့်ဖြစ်သူအား ဖမ်းဆီးထား ပြီး ဒဏ်ရာရရှိသည့်အရာရှိကို ကျိုင်းတုံ စစ်ဆေးရုံသို့ ပို့ဆောက်ကုသ ထားကြောင်း ကြားသိရသည်။

“ သူတို့စစ်ကြောင်းဘာခိုက်ရန်စကားများထားတာရှိလဲတော့မသိဘူး။ စစ်သားတယောက်က လက်ပစ်ဗုံးခွဲတာတဲ့။ အခုသူတို့ဗိုလ်ကြီးကို ကျိုင်းတုံစစ်ဆေးရုံကိုပို့လိုက်ရတယ်။ ဗုံးခွဲတဲ့တရားခံ အဲ့ဒီစစ်သားကိုတော့ ဖမ်းချုပ်ထားတယ်အခု ” – ဟု မိုင်းပျဉ်းဒေသခံက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

လက်ပစ်ဗုံးခွဲသည့်တရားခံစစ်သားနှင့် ဒဏ်ရာရဗိုလ်ကြီး၏အမည်ကိုမူမသိရှိရသေးပေ။

လွန်ခဲ့သည့်လပိုင်းကလဲ မိုင်းပျဉ်းပြည်သူ့စစ်တဦး လက်သည်မသိရဘဲပစ်သတ်ခံခဲ့ရဖူးသည်။ အစိုးရ ဘက်က RCSS/SSA ၏လက်ချက်ဟုစွပ်စွဲလိုက်ထားသော်လည်း ယနေ့တိုင် တရားခံ ဖမ်းမိ နိုင်ခြင်း မရှိသေးချေ။ အလားတူ မိုင်းကိုင်ဘက်တွင်လှုပ်ရှားနေသည့် မိုင်းပန်အ ခြေစိုက်စစ်ကြောင်းတခု ကလည်း တပ်တွင်းမကျေနပ်မှုကြောင့် တပ်မှထွက်ပြေးကာ RCSS/SSA ထံခိုလှုံခဲ့ပါသေးသည်။

 သျှမ်းသံတော်ဆင့်/ဟွမ်ဟိန်း
http://burmese.panglong.org
သျှမ်းပြည်အရှေ့ပိုင်းတွင် တပ်မတော်သားတဦးက အရာရှိကို လက်ပစ်ဗုံးဖြင့်ပစ် သျှမ်းပြည်အရှေ့ပိုင်းတွင် တပ်မတော်သားတဦးက အရာရှိကို လက်ပစ်ဗုံးဖြင့်ပစ် Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.