သုံးဆယ်မြို့၊ ရန်ကုန်- ပြည် ကားလမ်းဘေး တွင် လက်ပစ်ဗုံးတစ်လုံးနှင့် သေနတ် ကျည်ဆံ တစ်ရာကျော်တွေရှိ


သာယာဝတီ၊ အောက်တိုဘာ ၂၁ ။

ယနေ့၊ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းက၊ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊သုံးဆယ်မြို့၊ ရန်ကုန်- ပြည် ကားလမ်းဘေး တွင် လက်ပစ်ဗုံးတစ်လုံးနှင့် သေနတ် ကျည်ဆံ တစ်ရာကျော်တွေရှိခဲ့ကြောင်း
သာယာဝတီမြို့မရဲစခန်းမှတာဝန်ကျရဲဝန်ထမ်းတစ်ဦးကပြောသည်။

သုံးဆယ်မြို့ ၊အနောက်ရိုးကြီး ရပ်ကွက် လှရတနာလမ်းတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး သည် ယနေ့ ၊ အောက်တိုဘာလ ၂၁ ရက် ၊နံနက် ၉း၃၀ အချိန် ခန့်တွင်ဘူးများ ကောက် ရန် အိမ်မှ ထွက်လာခဲ့ရာ ကျွဲသတ်ကြီးကျေးရွာ ၊ရန်ကုန် - ပြည် ကားလမ်းနဘေး ၊သင်တောရိုး ၊ရေတံခါး အနီး ကားလမ်း၏ အနောက်ဖတ် ချုံပုတ် ထဲတွင် အစိမ်းရောင်ကြိုးဖြင့် ချည်နှောင်ထားသော အနက်ရောင် ပလစ်စတစ် အိတ်ကို တွေ့ရှိခဲ့ကြောင်း၊ အိတ်ကိုဖွင့်ကြည်ရာ ကျည်ဆံ များကို တွေ့ရှိသဖြင့် ၄င်းနေထိုင် သော အနောက်ရိုးကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းစိန် သို့ အကြောင်းကြားခဲ့ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ မြို့နယ် အုပ်ချုပ်ရေး မှူး ဦးကျော်မင်ထွေး ထံထပ်ဆင့်တင် ပြ ပြီး နောက် မြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ် ရဲတပ်ဖွဲ့မှူး၊ နယ်မြေ တပ်ရင်းမှ တာဝန်ရှိသူများ ၊သက်သေ များနှင့်အတူ တွေ့ရှိခဲ့သော နေရာ အား သွားရောက် ရှာဖွေခဲ့ရာ ကျည်ဆန် မျိုးစုံအတောင့် ( ၁၃၀ ) ကျော် ၊လက်ပစ်ဗုံး တစ်လုံး နှင့်ကျည်ကပ် ၃ခု တို့ကို ရှာဖွေ သိမ်းဆည်းမိခဲ့ကြောင်း၊ သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများကို သာယာဝတီမြို့မရဲစခန်းမှ စခန်းမှူး ဒု ရဲမှူး လှသိမ်း ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း၊ ဒုရဲမှူးလှသိမ်းက သက်သေများရှေ့တွင် ရှာဖွေ ပုံစံဖြင့် သိမ်းဆည်းပြီးနောက် ခလရ ( ၃၅) မှ တပ်မတော်တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ရန်စီစဉ်လျက်ရှိကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။

ကိုဖိုးစံ ( သာယာဝတီ)
PHOTO - KPS
The Asia Heart News
သုံးဆယ်မြို့၊ ရန်ကုန်- ပြည် ကားလမ်းဘေး တွင် လက်ပစ်ဗုံးတစ်လုံးနှင့် သေနတ် ကျည်ဆံ တစ်ရာကျော်တွေရှိ သုံးဆယ်မြို့၊ ရန်ကုန်- ပြည် ကားလမ်းဘေး တွင် လက်ပစ်ဗုံးတစ်လုံးနှင့် သေနတ် ကျည်ဆံ တစ်ရာကျော်တွေရှိ Reviewed by THITHTOOLWIN on 18:44 Rating: 5
Powered by Blogger.