ကလေး-တီးတိန်လမ်းတွင် ကားချောက်ထဲကျ၍ လူငါးဦးသေဆုံး


ကလေး အောက်တိုဘာ ၁၀

ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးကျေးရွာမှ ကလေးမြို့ သို့မောင်းနှင်လာသည့် ယာဉ် အမှတ် 8J- 1985, NISSAN ကုန်တင်ကားတစ်စီးသည် ကလေးမြို့မှ ၂၉ မိုင် ၅ ဖာလုံကွာဝေးသည့် ကလေး- တီးတိန်လမ်း သိုင်းငင်းကျေးရွာနှင့် ဟီရံဇိန်ကျေးရွာအကြား သိုင်းငင်းမရောက်မီလမ်းမပေါ်မှ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်အချိန်က ချောက်ထဲထိုးကျပြီး အောက်ကားလမ်းပေါ် အထိ ပေ ၁၅၀ ကျော်လှိမ့်ကျသွားကြောင်း သိရသည်။

ယင်းကားပေါ်တွင် ခရီးသည် ၃၀ ဦးကျော်စီးနင်းလိုက်ပါလာကြပြီး အမျိုးသမီး ငါးဦးသေဆုံး ကြောင်း၊ ကလေးမြို့ပြည်သူ့ဆေးရုံသို့အရေးပေါ်လူနာအဖြစ် ၁၂ ဦးတက်ရောက်ကြကြောင်း၊ အရေး ပေါ်လူနာများအနက် သုံးဦးမှာ စိုးရိမ်ရအခြေအနေရှိကြကြောင်း၊ ခရီးသည် ၁၄ ဦးမှာ ပွန်းပဲ့ဒဏ်ရာများ သာရရှိကြကြောင်းသိရသည်။

ကလေးမြို့ပြည်သူ့ဆေးရုံသို့အရေးပေါ်လူနာများအဖြစ်တက်ရောက်ဆေးကုသသူများအား ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌတို့သည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးနှစ်သိမ့်ကြပြီး သေဆုံးသူ ငါးဦးတို့အတွက် ငွေကျပ် တစ်သိန်းစီနှင့် စုစုပေါင်းငွေကျပ် ၅ သိန်း၊ အရေးပေါ်လူနာ ၁၂ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ စီနှင့် စုစုပေါင်းငွေကျပ် ၆ သိန်းကို သက်ဆိုင်ရာမိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

အဆိုပါကားပေါ်တွင် လိုက်ပါလာသောခရီးသည်များသည် တီးတိန်မြို့ နယ် လိုင်တွီးကျေးရွာ ၏ ရိုးရာခွာဒိုပွဲအတွက်ကျင်းပသော ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော အသင်းသားများနှင့် အမျိုး သမီးများ၊ ကလေးသူငယ်များလည်းလိုက်ပါကြခြင်းဖြစ်ကြောင်း သိရသည်။

ကလေးခရိုင်ပြန်/ဆက်
ကလေး-တီးတိန်လမ်းတွင် ကားချောက်ထဲကျ၍ လူငါးဦးသေဆုံး ကလေး-တီးတိန်လမ်းတွင် ကားချောက်ထဲကျ၍ လူငါးဦးသေဆုံး Reviewed by THITHTOOLWIN on 08:34 Rating: 5
Powered by Blogger.