ပျော်ဘွယ်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ၊ (၉)ဦး ဒဏ်ရာရ


၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ ၁၄၃၀ အချိန်က ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၂၅၀/၇)၌ ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ၊ (၉)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမှ ရန်ကုန်သို့ ဝင်းရှိန်၊ (၄၃)နှစ် သပြေစမ်းကျေးရွာ၊ ရမည်းသင်းမြို့နယ် နေသူမောင်းနှင်သည့် 8L/×××× CANTERယာဉ်မှာ လမ်းလယ်ကျွန်းသို့ ချိုးကွေ့စဉ် လားရာတူ နောက်မှ လွမ်းဝေဦး၊ (၂၀)နှစ်၊ "ဖွံ့ဖြိုးအောင်"အိမ်ရာဝင်း၊ လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်သော 5M/×××× CANTER BOX (၆)ဘီးကုန်တင်ယာဉ်နှင့် တိုက်မိခဲ့ပါသည်။

5M/×××× CANTER ယာဉ်မောင်း လွမ်းဝေဦးတွင် ယာခြေကျင်းဝတ်ကျိုးဒဏ်ရာရရှိခဲ့ပြီး၊  8L/×××× CANTER ယာဉ်ပေါ်ပါ ခရီးသည် (၁၅)ဦးအနက် ယာဉ်မောင်း ဝင်းရှိန်နှင့် ဦးအောင်ဆန်း၊ သပြေစမ်းကျေးရွာ၊ ရမည်းသင်းမြို့နယ်နေသူပါ (၉)ဦး(ကျား ၃၊ မ ၆)တို့တွင် ဝဲလက်ကျိုး၊ ဖူးရောင်၊ ပေါက်ပြဲနာကျင် ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ၍ ညောင်ကုန်းတိုက်နယ်ဆေးရုံသို့ တင်ပို့ခဲ့ပြီး လွမ်းဝေဦးနှင့် ဦးအောင်ဆန်းတို့(၂)ဦးအား မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသရန် တင်ပို့ခဲ့ပါသည်။

ထို့နောက် ၁၅၄၀ အချိန် ယာဉ်မောင်း ဝင်းရှိန်နှင့် လွမ်းဝေဦး တို့(၂)ဦး(ဖမ်းမိ)အား ပေပင်လေး အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈( ပေါ့လျော့ မှုကြောင့် သာမန်/ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိရာ ၁၉၀၀ အချိန် ဦးအောင်ဆန်းမှာ ရရှိသောဒဏ်ရာတို့ဖြင့် သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/၃၃၇(ပေါ့လျော့မှု ကြောင့် လူသေမှု/ ပြင်းထန်/သာမန်နာကျင်စေမှု)ဖြင့် ပြောင်းလဲစစ်ဆေး လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပျော်ဘွယ်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ၊ (၉)ဦး ဒဏ်ရာရ ပျော်ဘွယ်မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ၊ (၉)ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.