ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပွား၊ သိန်းထောင်ချီဆုံးရှုံးနိုင်


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဖြူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ စက်တင်ဘာ (၃၀) ရက် ည (၁၀)နာရီခွဲက မီးလောင်ကျွမ်းမှူ ဖြစ်ပွားခဲ့သဖြင့် သိန်းထောင်နဲ့ချီပြီး ပျက်စီးဆုံရှုံးနိုင်တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ စက်တင်ဘာ (၃၀) ရက် ည (၁၀) နာရီခွဲခန့်က ဖြူးမြို့နယ် အနောက်ဘက် မင်းကံရိုးကျေးရွာ အုပ်စု ဒိုင်းတရာကျေးရွာနဲ့ (၇) မိုင်ခန့်အကွာမှာ တည်ဆောက်ထားတဲ့ ဖြူးချောင်းရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံမှာ VCB VACCUM -CIRCURT-BRAKER 17ကနေ ဝါယာရှောခ့်ဖြစ်ကာ မီးပန်းတွေ ထွက်ပေါ်ပေါက်ကွဲခဲ့ပြီး အနီးရှိ23KVA/11KV ထရမ်စဖော်မာတွေကို ကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ဖြစ်စဉ်ကြောင့် လူနဲ့တိရစ္ဆာန်တွေထိခိုက်မှုမရှိပေမယ့် ငွေကျပ်သိန်းထောင်နဲ့ချီပြီး ပျက်စီးဆုံးရှူံးခဲ့ရတယ်လို့ သိရပါတယ်။

 မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ အမြန်လမ်းမကြီး မီးသတ်စခန်း (၁၁၅)မိုင်ကို အကြောင်းကြားခဲ့လို့ အမြန်လမ်းမီးသတ်စခန်းက မီးသတ်ယာဉ်တစ်စီး၊ ဖြူးမြို့နယ်မီးသတ် ဦးစီးဌာနကမီးသတ်ကား နှစ်စီး၊ ညောင်ခြေထောက် အရန်မီးသတ်စခန်းက မီးသတ်ကားတစ်စီး စုစုပေါင်း မီးသတ်ယာဉ်လေးစီးတို့နဲ့ဝိုင်ဝန်းငြှိမ်းသတ်ခဲ့ရာ အောက်တိုဘာ(၁)ရက် မနက်အစောပိုင်းမှာ မီးကိုငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါတယ်။

 ဝါယာရှော့ခ်ဖြစ်ပြီးလောင်တယ်လို့သိရကြောင်း၊ အဲဒီနေရာကဖုန်း လိုင်းမမိကြောင်း၊ မိမိတို့ကိုလာအကြောင်းလာတာဖြစ်ကြောင်း၊ ဒါကြောင့်မီးသတ်ကားတွေနဲ့ တပ်ဖွဲ့ဝင်တွေမီးသတ်ရေယာဉ်တွေနဲ့သွားပြီးငြှိမ်းသတ်ခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ခန့်မှန်းလို့မရသေးကြောင်း၊ ပညာရှင်တွေနဲ့သေချာတွက်ချက်မှအတိအကျသိရမှာဖြစ်ကြောင်း နယ်မြေခံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြောပြမှုအရသိရပါတယ်။


မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံဟာ ဖြူးချောင်းပေါ်တွင်တည်ဆောက်တဲ့ရေလှောင်တမံမှာရှိပြီး အလျား ပေ(၁၀၂၀)၊ အနံပေ(၁၁၀)၊ အမြင့် ပေ(၁၁၀)ရှိကာ ၂၀၀၁-၂၀၀၂မှစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ တမံဟာ ၂၀၁၄ခုနှစ်သြဂုတ်( ၉) ရက်က စတင် လည်ပတ်ခဲ့တဲ့ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်တယ် လို့သိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း)ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပွား၊ သိန်းထောင်ချီဆုံးရှုံးနိုင် ဖြူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပွား၊ သိန်းထောင်ချီဆုံးရှုံးနိုင် Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.