မုံရွာမြို့တွင် ဆေးခန်းမန်နေဂျာနှင့် ဆရာဝန်ထံမှ ပန်းရောင်စိတ်ကြွဆေးပြား ၁၁၅ပြားတွေ့ရှိ၍ ဖမ်းဆီးအရေးယူ


မုံရွာမှမန္တလေးဖက်သို့ ဆေးခန်းမန်နေဂျာမောင်း၍ ဆေးခန်းဆရာဝန်လိုက်ပါလာ သော မာဇဒါ-2 ကားကိုသ တင်းအရ မုံရွာတိုးလ်ဂိတ်တွင် တာဝန်ရှိ ပူးပေါင်းအဖွဲ့ကရပ်တန့် စစ်ဆေးရာစိတ်ကြွရူးသွပ်ဆေးအပြား၂၀ကို ကနဦးမိပြီး စစ်ဆေးရာဆေးခန်းမှ စိတ်ကြွရူးသွပ်ဆေး ၉၅ပြား ထပ်မံဖမ်းဆီးရမိမှု အောက်တိုဘာလ၂၃ရက်နံနက် အစောပိုင်း၂နာရီခွဲခန့်က ဖြစ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ပါရဂူဆေးခန်းမန်နေဂျာရဲဝင်းနိုင်မောင်းပြီး ပါရဂူဆေးခန်းဆရာဝန်ဒေါက်တာအောင်အောင်ဖြိုး(ခ)ညီထွေး လိုက်ပါလာသော မာဇဒါ-2အနီရောင်ကားကို မုံရွာတိုးလ်ဂိတ်တွင် သတင်းအရစောင့်ဆိုင်းရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းတံခါးလက်ကိုင်ခွက်အတွင်းမှ 88နှင့်1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေး၁ပြား ဂက်စ်မီးခြစ်တစ်လုံး ဒေါက်တာအောင်အောင်ဖြိုးလွယ်ထားသော လွယ်အိတ်အတွင်းမှ ပလတ်စတစ်ဗူးဖြင့်ထည့်ထားသည့် 88နှင့်1စာတမ်းပါ ပန်းရောင်စိတ်ကြွဆေး ၁၉ပြား ခဲစက္ကူအပိုင်း၂ခု ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူရောရာ ကျပ် ၄၂၄၂၀၀ကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ မုံရွာမြို့သလ္လာရပ်ကွက်ရှိ ပါရဂူဆေးခန်း တွင် စိတ်ကြွဆေးများ ကျန်သေးကြောင်းသိရ၍ မူးယစ်တပ်ဖွဲ့စုမှုး၏ မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းဖြင့် ဆေးခန်းအတွင်းဝင်ရောက်ရှာဖွေရာ အားကစားလေ့ကျင့်ခန်းစားပွဲပေါ်မှ ကပ်ခွာအိတ်အတွင်းထည့်ထားသော တန်ဖိုး၄၇၅၀၀၀ကျပ်ရှိ 88 နှင့် 1 စာတမ်းပါပန်းရောင်စိတ်ကြွဆေး ၉၄ပြားနှင့် အစိမ်းရောင်၁ပြား ခဲပြား၂ခု ဂက်စ်မီးခြစ်တစ်လုံး အအေးစုပ်ပိုက်တစ်ချောင်းရေသန့်ဘူးခွံ၁ခွံ တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆရာဝန်နှင့် မန်နေဂျာတို့ထွက်ဆိုချက်အရ အဆိုပါမူးယစ်ဆေးများကို လွန်ခဲ့သော တစ်ပါတ်ခန့်ကအရာတော်မြို့နယ်ဖက်မှ ၃၅နှစ်အရွယ်အမည်မသိအမျိုးသား၁ဦးထံမှ သုံးစွဲရန်နှင့် ရောင်းချရန်အတွက် ဝယ်ခဲ့ပြီး သုံးစွဲရောင်းချပြီး ကျန်သောပစ္စည်းများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိ သုံးစွဲရောင်းချခဲ့သူ ရဲဝင်းနိုင်နှင့် ဒေါက်တာအောင်အောင်ဖြိုးတို့အား အရေးယူရန် အမှတ် ၈ မူးယစ်တပ်ဖွဲ့စု(မုံရွာ)မှ ရဲအုပ်သူရထွန်းလတ်က တရားလိုပြုလုပ်၍ မုံရွာမြို့မရဲစခန်းက အမှုရေးဖွင့်ကာ အမှုစစ်ရဲအုပ် ရဲမင်းသန့်က တရားခံများ ဖမ်းဆီးရမိစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မျိုးဝင်းထွန်း / မုံရွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မုံရွာမြို့တွင် ဆေးခန်းမန်နေဂျာနှင့် ဆရာဝန်ထံမှ ပန်းရောင်စိတ်ကြွဆေးပြား ၁၁၅ပြားတွေ့ရှိ၍ ဖမ်းဆီးအရေးယူ မုံရွာမြို့တွင် ဆေးခန်းမန်နေဂျာနှင့် ဆရာဝန်ထံမှ ပန်းရောင်စိတ်ကြွဆေးပြား ၁၁၅ပြားတွေ့ရှိ၍ ဖမ်းဆီးအရေးယူ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.