တနင်္သာရီမြစ်အတွင်း ရေစီးကြမ်းသဖြင့် ကူးတို့လှေ(၁)စီးတိမ်းမှောက်ရာ လူ(၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးပျောက်ဆုံး


မြိတ် အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မင်းသန်းကျေးရွာနှင့် ကျွန်းစုမြို့နယ် မောင်းလှော် ကျေးရွာသို့ တနင်္သာရီမြစ်အား နေ့စဉ်ဖြတ်သန်းပြေးဆွဲနေသော ကူးတို့လှေ(၁)စီးသည် အောက်တို ဘာလ(၅)ရက် နံနက်(၁၀)နာရီခန့်က ခရီးသည်(၃၀)ဦးခန့်နှင့် မော်တော်ဆိုင်ကယ်များအား တင် ဆောင်၍ မင်းသန်းကျေးရွာမှ မောင်းလှော်ရွာသို့ ထွက်ခွာလာစဉ် တနင်္သာရီမြစ်၏ (၃/၂)ပုံခန့် အရောက်၌် ရေစီးကြမ်းသဖြင့် ကတို့လှေမှာတိမ်းမှောက်ကာ လှေပေါ်လိုက်ပါလာသူများအနက် (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ကတို့လှေတိမ်းမှောက်စဉ် ဒေါ်စန်းကြူ(၆၅)နှစ် ထားဝယ်စုရပ်ကွက် ပတ္တမြားလမ်း မြိတ်မြို့နေ သူမှာ သေဆုံးပြီး (၄)ဦးပျောက်ဆုံးခဲ့ကာ (၃)ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦးအား ကျန်းမာရေးအထောက်အကူပြု ယာဉ်များဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရာ ၄င်းတို့(၃)ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြသည်။


 ကူးတို့လှေတိမ်းမှောက်မှု ကြောင့် ပျောက်ဆုံးနေသော အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦးအား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံကျွမ်းကျင်ရေလုပ်သားများဖြင့် တိမ်းမှောက်ရာအနီးတစ်ဝိုက်တွင် ရေငုပ်၍ရှာဖွေရာ ပျောက် ဆုံးသူ(၄)ဦးအနက် ဒေါ်ဌေးဌေးလှိုင်၏(အလောင်း)ကို နေ့လယ်(၂)နာရီတွင် ရှာဖွေတွေ့ရှိခဲ့ကာ ကျန်ရှိ သော (၃)ဦးအား ဆက်လက်ရှာဖွေ လျက်ရှိကြောင်း သိရသည်။


ပျောက်ဆုံးနေသည့်(၃)ဦးမှာ မောင်ဟာဇက်(၁၇)နှစ်နှင့် မောင်မတ်ကာရှင်(၁၉)နှစ် ဇေးကမိ ကျေးရွာနေသူတို့နှင့် မသဇင်ဖူး(၁၇)နှစ် မောင်းလှော်ကျေးရွာ နေသူတို့ဖြစ်ကြပြီိး ကတို့လှေတိမ်း မှောက်ရာနေရာသို့ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမင်းနှင့် တာဝန်ရှိသူများမှ ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံကျွမ်းကျင်ရေလုပ်သား များဖြင့် ဆောင်ရွက်ခဲ့ကြသည်။

တိမ်းမှောက်ခဲ့သည့် ကတို့လှေသည် အလျား(၄၂)ပေ၊ အနံ(၉)ပေ၊ ရေစူး(၃)ပေခန့်ရှိကာ မြင်းကောင်ရေ(၁၀)ကောင်အား တရုတ်စက် အမျိုးအစား(၁)လုံးနှင့် မြင်းကောင်ရေ(၅)ကောင်အား တရုတ်စက်အမျိုးအစား(၁)လုံးတပ်ဆင်ထားပြီး ကတို့လှေကို မောင်းလှော်ကျေးရွာနေ ဆန်းလင်း(ခ) မုန့်လုံးကျော် မောင်းနှင်ခဲ့ကြောင်း သိရသည်။

မြိတ် မြို့ နယ် ပြန်/ဆက်
တနင်္သာရီမြစ်အတွင်း ရေစီးကြမ်းသဖြင့် ကူးတို့လှေ(၁)စီးတိမ်းမှောက်ရာ လူ(၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးပျောက်ဆုံး တနင်္သာရီမြစ်အတွင်း ရေစီးကြမ်းသဖြင့် ကူးတို့လှေ(၁)စီးတိမ်းမှောက်ရာ လူ(၂)ဦး သေဆုံးခဲ့ပြီး (၃)ဦးပျောက်ဆုံး Reviewed by THITHTOOLWIN on 18:57 Rating: 5
Powered by Blogger.