ကွန်ကရစ်မီးတိုင်များတင်ဆောင်လာသော ၂၂ ဘီးထွေလာယာဉ် အရှိန်လွန်၍ရေမြောင်းအတွင်းထိုးကျ


ရေတာရှည် အောက်တိုဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ မြောက်ဘက်(၁)မိုင်ခန့်အကွာ သပြေတန်းကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း၌ အောက်တိုဘာ ၁ ရက်နေ့ နံနက်(၈)နာရီအချိန်ခန့်က ကွန်ကရစ် မီးတိုင်များတင်ဆောင်လာသော ၂၂ ဘီးထွေလာယာဉ် အချိန်လွန်ထိုးကျခဲ့ရာ ကွန်ကရစ်မီးတိုင်ထိုးမိပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ အမျိုးသမီးတစ်ဦး ဒါဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။


ကားလမ်းအတိုင်း တောင်မှမြောက်သို့ ကိုကိုချစ်(၂၂)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မလှလှဌေး(၂၃)နျစ်လိုက်ပါလာသော ၂၂ ဘီးထွေလာကုန်တင်ယာဉ်သည် မိုင်တိုင် ၁၉၅/၂ နှင့် ၃ အကြား၊သပြေတန်းကျေးရွာမြောက်ဘက်ကွေ့ အရောက် အရှိန်လွန်ကာ လမ်းအရှေ့ဘက်ရှိ ပေ(၂ဝ)ခန့်နက်သည့် မြောင်းအတွင်းသို့ထိုးကျသွားခဲ့သည်။

 ယာဉ်ထိုးကျစဉ် နောက်တွဲပေါ်၌တင်ဆောင်ထားသော ကွန်ကရစ်တိုင်များက ယာဉ်၏ရှေ့ဦးခေါင်းပိုင်းကို ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီး ကွန်ကရစ်တိုင်နှင့်ထိုးမိသူ မလှလှဌေး မှာ ရှေကလေကာမှန်နှင့်အတူ အပြင်သို့လွှင့်စင်ကျသွားခဲ့သဖြင့် ဝဲဂျိုးစောင်း၊ဝဲဘက်ခါး၊ ဝဲတင်ပါးတို့တွင် ဒါဏ်ရာများရရှိခဲ့၍ ရေတာရှည်မြို့မရဲစခန်းက ယာဉ်မောင်း ကိုကိုချစ် အား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကွန်ကရစ်မီးတိုင်များတင်ဆောင်လာသော ၂၂ ဘီးထွေလာယာဉ် အရှိန်လွန်၍ရေမြောင်းအတွင်းထိုးကျ ကွန်ကရစ်မီးတိုင်များတင်ဆောင်လာသော ၂၂ ဘီးထွေလာယာဉ် အရှိန်လွန်၍ရေမြောင်းအတွင်းထိုးကျ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.