ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်မှုများအပါအ၀င် လက်နက်၊ ဆက်နွယ်သည့် တရားခံများကို ဖော်ထုတ် ရှာဖွေဖမ်းဆီးနေဆဲ ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ပြောကြား


နေပြည်တော်၊ အောက်တိုဘာ ၁၇။

ဦးဖြိုးကိုကိုတင့်ဆန်း အပါအ၀င် ၎င်းနှင့်ပတ်သက် နွယ်နေသည့် တရားခံများ၊ လက်နက်များ အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရေးအတွက် အဓိက ထားဆောင်ရွက်နေပြီး တည်ဆဲဥပဒေအပေါ်၌ ချိုးဖောက်သည့် အတွက် တည်ဆဲ ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
“စီစစ်ဆဲပဲဖြစ်ပါသေးတယ်ခင်ဗျား။ စိစစ်ပြီးဖော်ထုတ်နေဆဲဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ဂွင်းဆက်တရားခံတွေနဲ့ ကျန်ရှိနေတဲ့ လက်နက်တွေကို အားလုံးဖမ်းမိဖို့ဟာ နံပတ်တစ်အနေနဲ့ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို လွှတ်ထွက်မသွားအောင် အလေ့အနက်ထားပြီး ဆောင်ရွက်နေပါတယ်။ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်တာအားလုံးလဲ နိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို အချိန်နဲ့ တပြေးညီ တင်ပြီပြီး ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်ချုပ်အောင်စိုးက ပြောသည်။

ဖမ်းဆီးရမိမှုများအနေဖြင့် ပထမနေ့ စစ်ဆေးရှာဖွေမှုများ၌ လက်နက် ၁၃ အား သိမ်းဆည်းရမိခဲ့ပြီး ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် လက်နက် ၈ လက်ထပ်မံရှာဖွေ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက် တရားခံ ၁၁ ယောက်အား ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်းကိုလဲ ဗိုလ်ချုပ်အောင်စိုးက ပြောသည်။
“ကျနော်တို့က စိစစ်ချက်တွေလုပ်နေပါတယ်ခင်ဗျ ဒီကားကိစ္စတစ်ခုတည်းတင်မဟုတ်ပါဘူးခင်ဗျ ကျန်တဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေအားလုံးကို စိစစ်နေပါတယ် ပေါင်းစပ်ရမယ့် ဌာနအားလုံးနဲ့လည်း ပေါင်းစပ်နေပါတယ်။ အဒီကတော့ ကျန်ရှိနေတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရားခံတွေ အားလုံးကို အမြန်ဆုံး ဖမ်းဆီးရမိဖို့က ဒါကအရေးကြီးဆုံးဖြစ်တဲ့ အတွက် ဒါကို ဦးစားပေးလုပ်နေပါတယ် လုပ်တဲ့ လုပ်ငန်းစဉ် အားလုံးဟာလဲ သက်ဆိုင်ရာ ဌာန အားလုံးနဲ့ ပေါင်းစပ်ပြီင်္း ဆောင်ရွက်သွားမှာပါ။ တည်ဆဲဥပဒေအပေါ်မှာ ချိုးဖောက်တဲ့ လုပ်ငန်းစဉ်တွေအားလုံးကို လဲ ဖော်ထုတ်ပြီး ဆောင်ရွက်သွားမှာပါ” ဟု ဗိုလ်ချုပ်အောင်စိုး က ဖြေကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးမှ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တနားချိန်၌ သတင်းများမေးမြန်းမှုတွင် အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

ကြယ်စင်ခ (နေပြည်တော်)

Central News Myanmar
https://www.facebook.com/CNMyanmar/
ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်မှုများအပါအ၀င် လက်နက်၊ ဆက်နွယ်သည့် တရားခံများကို ဖော်ထုတ် ရှာဖွေဖမ်းဆီးနေဆဲ ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ပြောကြား ဦးဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်မှုများအပါအ၀င် လက်နက်၊ ဆက်နွယ်သည့် တရားခံများကို ဖော်ထုတ် ရှာဖွေဖမ်းဆီးနေဆဲ ဖြစ်ကြောင်း ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ပြောကြား Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.