![]() |
နေပြည်တော် လွှတ်တော်ဝန်းထဲကနေ ပြည်သူ့လွှတ်တော်ကို ဓါတ်ပုံရိုက်ယူဖို့ လွှတ်တင်ခဲ့တဲ့ မောင်းသူမဲ့ လေယာဉ် Drone ကို တွေ့ရစဉ်။ Photo: The Global New Light Of Myanmar |
ဖမ်းဆီးခံထားရသူတွေကို ပျဉ်းမနားအချုပ်မှာ စစ်ဆေးနေတဲ့အတွက် တွေ့ခွင့်မပေးသေးဘူးလို့ စကားပြန်အဖြစ် လိုက်ပါခဲ့တဲ့ ကိုအောင်နိုင်စိုးရဲ့ မိသားစုကိုယ်စား လိုက်လံဆောင်ရွက်နေတဲ့ ကိုရဲထူးက ပြောပါတယ်။
တူရကီအခြေစိုက် TRT သတင်းဌာနရဲ့ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူတစ်ဦး၊ စင်ကာပူနိုင်ငံသားတစ်ဦး၊ မြန်မာနိုင်ငံသားစကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတစ်ဦး စုစုပေါင်း လေးဦးကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဌာနအနီး ဒရုန်းတစ်စင်း လွှတ်တင်နေစဉ် မနေ့က မနက် အမှတ် ၅ ရဲစခန်းက ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် အမှတ် ၁ ရဲစခန်းကို ပြောင်းရွှေ့လိုက်တယ်လို့လည်း သိရပါတယ်။
ကနဦးစစ်ဆေးချက်အရ မြန်မာနိုင်ငံရဲ့ရှုခင်း၊ အဆောက်အအုံတွေ၊ ဘုရားစေတီနဲ့ လွှတ်တော်အဆောက် အအုံတွေကို ရိုက်ကူးတာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ပြည်ပနိုင်ငံသား ၂ ဦးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးနဲ့ မလေးရှား သံရုံးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့လည်း ပါရှိပါတယ်။
အမှုဖွင့်ထားတဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ ဟာ ကန့်သတ်ပိတ်ပင်တားမြစ်ထားတဲ့ ကုန်ပစ္စည်းကို တားမြစ် ချက်မရှိဘဲ တင်ပို့တာ၊ တင်သွင်းတာ၊ ခွင့်ပြုချက်ရှိပေမယ့် သတ်မှတ်စည်းမျဉ်းတွေကို ချိုးဖောက်ရင်အရေးယူနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဒရုန်းနဲ့ မှတ်တမ်းယူဖို့ ကြိုးပမ်းတဲ့ သတင်းထောက် ၂ ဦးအပါအ၀င် ၄ ဦးကို အမှုဖွင့်
Reviewed by THITHTOOLWIN
on
19:23
Rating:
