အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသို့ ပို့​ဆောင်​​ပေးမည့်​ အမျိုးသမီးနှစ်​ဦးအား လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်


ကချင်​ပြည်​နယ်​၊ ဗန်း​မော်​မြို့တွင်​ အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသားများထံ ​ရောင်းချ​ပေးစားရန်​ ​ခေါ်​ဆောင်​လာသူ အမျိုးသမီးနှစ်​ဦးအား ​အောက်​တိုဘာ ၃၀ ရက်​​နေ့က လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်​ခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ မိုး​မောက်​မြို့နယ်​၊ ဗန်း​မော်​-လွယ်​ဂျယ်​သွားကားလမ်း​ပေါ်ရှိ စိန်​လုံပူး​ပေါင်းစစ်​​ဆေး​ရေးဂိတ်​တွင်​ ​အောက်​တိုဘာ ၂၉ ရက်​ မွန်းလွဲ ၁ နာရီခွဲခန့်​က တနိုင်းမြို့​နေသူများဖြစ်​သည့်​ မ--------- (၃၂)နှစ်​ (ဟူး​ကောင်းရပ်​ကွက်​)၊ မ--------(၄၀)နှစ်​(မုန်​တိန်​ရပ်​ကွက်​)၊ မ-------(၃၄)နှစ်​(မုန်​တိန်​ရပ်​ကွက်​)၊ မ--------(၂၁)နှစ်​ (ကင်​ဆာရာ​ကျေးရွာ)၊ မ--------(၁၇)နှစ်​(ဟူး​ကောင်းရပ်​ကွက်​)တို့အား တရုတ်​အမျိုးသားများနှင့်​အိမ်​​ထောင်​ပြုလျှင်​ ​ငွေကျပ်​(၂၀)သိန်းစီ ရမည်​ဟု ​ပြောဆိုစည်းရုံး​ပြီး နယ်​စပ်​ လွယ်​ဂျယ်​မြို့သို့ခေါ်​ဆောင်​လာသူ မတိန့်​ဇယ်​ ၊မတိန့်​​မျှော်​ တို့နှင့်​အတူ စစ်​​ဆေး​တွေ့ရှိသည်​။

ယင်း​နောက်​ ဆက်​လက်​စစ်​​ဆေးရာ အမှုစတင်​ဖြစ်​ပွား​နေရာသည်​ ဗန်း​မော်​မြို့၊ ဂျူနိုတည်းခိုခန်း၌ဖြစ်​​ကြောင်း သိရှိရသဖြင့်​ ဗန်း​မော်​မြို့မရဲစခန်းသို့ လွှဲ​ပြောင်းအပ်​နှံသဖြင့်​ ပြစ်​မှုကျူးလွန်​သူ မတိန့်​ဇယ်​(၃၅)နှစ်​၊ မြို့သစ်​၊ မိုး​မောက်​မြို့နယ်​​နေသူနှင့်​ မတိန့်​​မျှော်​(၃၂)နှစ်​၊ အထက်​​မော်​​ဖောင်း​ကျေးရွာ၊ မြစ်​ကြီးနားမြို့နယ်​​နေသူတို့အား (ပ)၂၆၀/၂၀၁၇ လူကုန်​ကူးမှုဆိုင်​ရာဥပ​ဒေပုဒ်​မ ၂၄/၃၂ ဖြင့်​ ဖမ်းဆီးအ​ရေးယူထား​ကြောင်း သိရသည်​။

ဗန်းမော်ပွင့်သစ်
အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသို့ ပို့​ဆောင်​​ပေးမည့်​ အမျိုးသမီးနှစ်​ဦးအား လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်​ အမျိုးသမီးငါးဦးအား တရုတ်​နိုင်​ငံသို့ ပို့​ဆောင်​​ပေးမည့်​ အမျိုးသမီးနှစ်​ဦးအား လူကုန်​ကူးမှုဖြင့်​ အမှုဖွင့်​ Reviewed by THITHTOOLWIN on 18:23 Rating: 5
Powered by Blogger.