"ချစ်ခြင်း မေတ္တာဖြင့်"


ဒေါက်တာချစ်ဝင်းလေး

'ဆရာရေ ဆရာမရေ ကလေးခေါင်းမြင်နေရပြီ ကလေးထွက်တော့မယ်ထင်တယ်' ဟု အပြေးတပိုင်းဖြင့် လာခေါ်သော လူနာခင်ပွန်း၏ အသံကြောင့် သူနာပြုဆရာမမှ ဦးစွာအပြေးဖြင့် အရောက်သွားပြီး ကလေးကို မွေးပေးခဲ့ရသည်။ ကျန် လူနာများကိုလည်း လိုအပ်သည်များလိုက်လံကြည့်ရှုကုသပေးရသည့်အတွက် လူနာစောင့်ကိုသာ အကူအညီတောင်း ရင်း ခေါင်းမြင်ရလျှင် လာခေါ်ပါဟု မှာခဲ့၍ လာရောက်ခေါ်ခြင်းဖြစ်သည်။

'ဆရာရေ ကလေးမွေးပြီးပေမဲ့ ဗိုက်က မလျော့ဘူး နောက်တစ်ယောက်ကျန်နေသေးသလား မသိဘူးနော်' ဟု သူနာပြု ဆရာမလေးကပြောသော် ထပ်စမ်းကြည့်ပြီး ကျန်နေသေး၍ ရေမွှာရေဖောက်ပြီး ဆက်မွေးပေးဖို့စောင့်နေမိခဲ့သည်။ ကံ ကောင်း၍ထင် ဒုတိယအမွှာကလေးသည်လည်း ခေါင်းဖြင့်ဦးတိုက်အနေဖြစ်သောကြောင့် အဆင်ပြေပြေ ချောချောမွေ့ မွေ့ မွေးဖွားပေးနိုင်ခဲ့သည်။ အများအားဖြင့် တစ်ဦးကခေါင်း နောက်တစ်ဦးက တင်ပဆုံဖြင့် ဦးတိုက်သောအမွှာများသာ ကြုံခဲ့ရ၍ဖြစ်ပါသည်။

ပထမအမွှာယောကျာ်းလေးကို ၂ဝ၁၇ခု စက်တင်ဘာ ၈ ရက် ညနေ ၆ နာရီ ၅မိနစ်နှင့် ဒုတိယအမွှာ မိန်းကလေးကို ညနေ ၆ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာမွေးထုတ်ပေးနိုင်ခဲ့သည်။ အမွှာ၏ မိခင်သည်ကား ကိုယ်ဝန်ဆောင်စောင့် ရှောက်မှုတစ်ကြိမ်သာ ခံယူထားသူဖြစ်ပြီး ultrasound လည်း ရိုက်မထားပေ။ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုကို ခံယူရန်ခေါ်ထားသော်လည်း ပျောက်ချက်သားကောင်းနေခဲ့သည်။ ဗိုက်နာမှသာ ဆေးရုံသို့ ရောက် ရှိလာခြင်းပေ။ မမွေးဖွားမီ စမ်းသပ်သော်လည်း ကလေးနှလုံးခုန်သံ ၂နေရာ ကြားရသလိုရှိနေသော်လည်း စမ်းသပ် ရာတွင် ဦးခေါင်းတစ်လုံးသာစမ်းမိခဲ့သည်။


ဒုတိယကလေး ရှိနေသည်ဟု သိပြီးရေမွှာဖောက်မှသာ ဒရဟော ရေမွှာရေ ထွက်လာပြီး ခြေထောက်တခုလုံးစိုမှသာ မစမ်းမိသည့်အကြောင်း အဖြေရသလိုဖြစ်သွားခဲ့သည်။ ကလေးများအမေသည် အသက် ၃၂နှစ်သာ ရှိသေးသော် လည်း ယခုကိုယ်ဝန်သည် ဆဌမမြောက် ကိုယ်ဝန်ဖြစ်သည့်အတွက် ဇနီးမောင်နှံအတွက် သိပ်မထူးဆန်း၍ ပေါ့ပေါ့ နေခဲ့ရသည်ဟု ထင်သော်ငြားလည်း ကလေးများသည်ကတကြောင်း ဝမ်းစာရှာဖွေရသည်ကတကြောင်းကြောင့် ဘဝ ကို ကြိုးစား ရုန်းကန်နေကြရသည်။ ဤကိုယ်ဝန်သည် အမွှာဖြစ်ခဲ့သော် ကလေးတစ်ယောက်ကိုပေးမည်လားဟု စ နောက်ခဲ့ရာ ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

အမွှာ ၂ယောက်လုံးမွေးပြီးသော် ပေးမည်လား မေးသော်လည်း ပြုံးစိစိဖြင့်သာ ပြန်ကြည့်ခဲ့သည်။ ဖခင်မှလည်း 'ကျွန် တော်တို့အတတ်နိုင်ဆုံး ကြိုးစားပြီး ပြုစုစောင့်ရှောက်မှာပါ ဆရာ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကလေးတွေကို အတတ်နိုင်ဆုံး ပြုစုပျိုးထောင်ပါ့မယ်' ဟု ဖခင်မေတ္တာကို လှစ်ဟခဲ့ပါသည်။ ကိုယ့်ရင်သွေးကို တတ်စွမ်းသလောက် ရှိသမျှအားဖြင့် လူတလုံး သူတလုံးဖြစ်အောင်စောင့်ရှောက်ပေးချင်ကြသည်ချည်းပင်။ သို့သော် တခါတလေ ဘဝက မျက်နှာသာမပေး၍ သားသမီးဘက် ရပ်တည်မပေးနိုင်သော မိဘများလည်း ရှိကောင်းရှိပါမည်။ အပြစ်မတင်ကြဖို့ တိုက်တွန်းပါရစေလား။

အဆင်မပြေမှုတွေများစွာထဲမှ သားသမီးများအတွက် မားမားမတ်မတ်ရပ်တည်ပေးမြဲ ရပ်တည်ပေးကြသူများ ဖြစ်ပါ သည်။ မွေးလူနာ၏ အစ်မဖြစ်သူမှ အပြင်တွင် သားသမီး ၅ ယောက်ရှိကြောင်း ပြောမှသာ လူနာသည် ဆဌမ မြောက် ကိုယ်ဝန်မှန်း သိခဲ့ရလေသည်။ မည်သို့မေးမေး စတုတ္ထ ကိုယ်ဝန်ချည်းသာဖြေခဲ့သည်။ ဇနီးမောင်နှံ အဆင်မပြေ ကြောင်းကိုလည်း မွေးလူနာ၏အစ်မပြောပြသည်နှင့် မျက်မြင်တွေ့ခဲ့ရသော ကျန်ဆေးရုံလူနာစောင့် ပြောပြ၍ သိရှိ ခဲ့ရခြင်း ဖြစ်ပါသည်။

ငွေကြေးမပြည့်စုံသော်လည်း သားသမီးအပေါ်ထားသည့် ချစ်ခြင်းမေတ္တာများပြည့်စုံပါသည်။ မိမိတို့ရင်သွေးကို တခြား သူမပေးပါဟု ခါးခါးသီးသီးငြင်းဆိုခဲ့သည်။ အမွှာလေးများ ကံကောင်းသည်ဟု ဆိုရပါမည်။ တချို့သော မိဘများ မွေး ပြီး စွန့်ပစ်ခဲ့သည်လည်းရှိသည် မမွေးခင် လနုစဉ် ဖျက်ချခဲ့သည်လည်း ရှိကြသည်။ လူ့လောကထဲသို့ အောင်အောင် မြင်မြင် ရောက်ရှိခဲ့သည်ကပင် ကံကောင်းသည်ဟု ဆိုရပေမည်။

အဖေဖြစ်သူက ဗမာဖြစ်ပြီး အမေဖြစ်သူက လီဆူဖြစ်ပေသည်။ သားတို့ သမီးတို့ မွေးဖွားလာခြင်းသည် တိုင်းရင်းသား မျိုးနွယ်စု ၂ခု၏ မျိုးဆက်ဖြစ်သည့်အတွက် ချစ်ကြည်မှုကိုလည်း ဖော်ဆောင်သက်သေပြရာ ရောက်ပါသည်။ အဆင်မ ပြေမှုတွေကြားမှ မွေးစကလေးများကို ကူညီထောက်ပံ့လိုသူများ လာရောက်ထောက်ပံ့ပေးနိုင်ပါသည်။ တတ်စွမ်းသ လောက် ကူညီပေးနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

ဘုရားသခင် ကောင်းချီးပေးပါစေဟု ဆုတောင်းသလို နတ်ကောင်းနတ်မြတ်တွေ ကူညီမစပါစေဟု ထပ်လောင်း ဆု တောင်းပေးပါရစေ။
(မန်ကျည်းပင် တိုက်နယ်ဆေးရုံအတွက် ကျွန်တော်တာဝန်ထမ်းဆောင်စဉ် ဒုတိယအကြိမ် အမွှာမွေးဖွားပေးပြီး အ မှတ်တရလေး ဖြစ်ပါသည်)

Photo- Dr.Chit Win Lay
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
"ချစ်ခြင်း မေတ္တာဖြင့်" "ချစ်ခြင်း မေတ္တာဖြင့်" Reviewed by THITHTOOLWIN on 10:59 Rating: 5
Powered by Blogger.