တောင်သုံးလုံးကျေးရွာတွင် မူးယစ်ဆေးဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား


ထားဝယ် အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှမှုခင်းအကူဒုရဲမှူးသန်းဇော်ဦး ဦးစီးသောတပ်ဖွဲ့ ဝင်သည်သက် သေများနှင့်အတူ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှူး ထုတ်ပေးသော မူယစ်ဆေးဝါးဝရမ်းအမှတ်(၃၀/၃၇)ဖြင့် တရားမ၀င် လက်နက်ကိုင်ဆောင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများပြုလုပ်နေကြောင်း သတင်းအရ အောက်တိုဘာ ၁၃ ရက် နံနက် ၀၄း၀၀ နာရီ အချိန်ခန့် တွင် တောင်သုံးလုံး ကျေးရွာ ကိုဦး၏နေအိမ်သို့  ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကိုဦးမှ ( ပွိုင့်-၂၂) ဟုယူဆသော သေနတ်ဖြင့် ပစ်ခတ်ခုခံခဲ့ရာ ဒုရဲမှူးသန်းဇော်ဦး၏ ယာလက်ကောက်ဝတ်တွင် ဒဏ်ရာ ( ၁ )ချက် ၊ ယာတံတောင်ဆစ်တွင်(၁)ချက်( မစိုးရိမ်ရ ) ဒဏ်ရာများရရှိခဲ့ပြီးဒုရဲမှူး သန်းဇော်ဦးနှင့်တပ်ဖွဲ့ ဝင်များ က ပြန်လည် ပစ်ခတ်ခဲ့ပြီး တရားခံကိုဦး၏ နေအိမ်မှာကျေးရွာ အတွင်းတည်ရှိသည်အတွက် ၄င်း၏ဇနီးနှင့်ကလေးများနေအိမ်အတွင်း ရှိနေ၍ ပစ်ခတ်မှုကို ထိန်းသိမ်းပြီး နေအိမ်အား ၀ိုင်းဝန်း ပိတ်ဆို့ ထား ကာ သေနတ်ဒဏ်ရာရရှိသော ဒုရဲမှူးသန်းဇော်ဦး အား ထားဝယ်ဆေးရုံသို့ ပို့ ဆောင်ဆေးကုသမှု ခံယူလျှက် ရှိ ကြောင်း သိရှိရသည်။

အဆိုပါတပ်ဖွဲ့ ဝင်များ က တရားခံ၏နေအိမ် အား ၀ိုင်းထားပြီး အသာတကြည်အဖမ်းခံရန် လက်ကိုင်အသံချဲ့  စက်ဖြင့် ပြောကြားပြီး ရှဲဂမ်းဖြင့် နေအိမ်အတွင်းသို့ မျက်ရည်ယို ဗုံး(၃)လုံးပစ်သွင်းခဲ့ရာ ကိုဦးဇနီးမသဇင်နှင့် ကလေး (၂)ဦးအပြင် သို့  ထွက်လာခဲ့ပြီး ကိုဦး က သေနတ်ကျည်ထိုးမောင်းတင်လျှက်ထွက်လာသဖြင့် ၄င်းအားပစ်ခတ်ရာ ကိုဦး၏ ယာမျက်ခုံးစွန်း ရှပ်မှန်၍ နားရွက်ဖောက်ထွက်ဒဏ်ရာ(၁)ချက်၊၀ဲဘက်နို့ အုံအောက်ဖောက် ၀င်ဒဏ်ရာ(၁) ချက်၊ယာဘက် ကျောရိုး ဘေး(ခါးဆစ်ရိုးအနီး)ဒဏ်ရာ(၁)ချက်၊ယာလက်ဖျံဒဏ်ရာ(၁)ချက် သေနတ်ဒဏ်ရာ များ ဖြင့် ဖမ်းဆီးရမိပြီး ဆေးဝါး ကုသနိုင်ရေးအတွက် ထားဝယ်ပြည်သူ့ ဆေးရုံသို့ ပို့ ဆောင်ခဲ့ရာ လမ်းခရီး ၌ ထားဝယ်မြို့  နယ်၊ ပကာရီကျေးရွာ အလွန် အောက်တိုဘာ ၁၃ ရက် နံနက် ၀၇း၁၅ နာရီအချိန်ခန့် တွင် လူနာတင်ယာဉ်ပေါ် တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ကိုဦး၏နေအိမ်အား ဆက်လက်ရှာဖွေရာ( ပွိုင့်-၂၂)ပြောင်းရှည်သေနတ်တစ်လက်ကျည်ထိုးလျှက် (၁)လက် ၊ ၄င်းကျည်(၃၁)ထောင့်၊ကျည်ခွံ (၂)ခု၊အသံတိတ်ကိရိယာ(၁)ခု၊ပွိုင့်-၃၈ကျည်(၉)ထောင့်၊ပွိုင့်-၄၅ကျည်(၂) ထောင့်၊၉မမကျည်(၃)ထောင့်၊၅.၅၆ကျည်၊(၂)ထောင့်၊ဓါးမျိုးစုံ(၉)ချောင်း၊ပုဆိန်(ကပ်ပါး)(၂)လက်၊ဂက်စ်သုံးပစ္စတို(၁) လက် ၊ ၄င်းကျည်အိမ်(၁)ခု ၊ တို့ အား သိမ်းဆည်းရမိပြီး ၄င်း၏နေအိမ်အား ၀ိုင်းထားစဉ် မူးယစ်ဆေးဝါးများ မီးဖို၌ မီးရှို့  ဖျက်ဆီးခဲ့သဖြင့် မီးဖိုတွင် မူးယစ်ဆေးဝါးအနံများရရှိလျှက်တွေ့ ရကြောင်းသိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ကိုဦး နှင့် ဇနီး မသဇင် ( ၂၈ )နှစ်(ဘ)ဦးသန်းငွေ ၊တောင်သုံးလုံးကျေးရွာ၊ ထားဝယ်မြို့ (မိ) နေသူအား ကျောက်မဲတောင်နယ်မြေရဲစခန်းမှ မယ(ပ)၁/၂၀၁၇၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၁၉(ဂ)၂၀(က) /၂၁ ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

( ထားဝယ်ခရိုင်ပြန်/ဆက်ဦးစီးဌာန)
တောင်သုံးလုံးကျေးရွာတွင် မူးယစ်ဆေးဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား တောင်သုံးလုံးကျေးရွာတွင် မူးယစ်ဆေးဖမ်းဆီးရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 14:30 Rating: 5
Powered by Blogger.