(၄)နှစ်အရွယ်ကလေးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား


ပဲခူးမြို့၊ အမှတ်(၂)နယ်မြေရဲစခန်းအပိုင်၊ ကလျာဏီရပ်ကွက်၊ စစ်မှုထမ်းဟောင်း အိမ်ယာတွင် (၁၃.၁၀.၂၀၁၇) အောက်တိုဘာလ ၁၃ရက်နေ့ ညနေ(၃း၃၀)အချိန်ခန့်က သားမယား
အဖြစ် ပြုကျင့်ရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ဖြစ်စဉ်မှာ မိခင်ဖြစ်သူ မအေးသန်း(၂၅)နှစ်သည် နေအိမ်တွင် သမီးဖြစ်သူ မ----(၄)နှစ်နှင့်အတူ တီဗွီကြည့်နေစဉ် သမီးဖြစ်သူ မ-----မှာ မုန့်သွားဝယ်စားမည်ဟုပြောဆိုပြီး နေအိမ်အပြင်သို့ထွက်သွားရာ ပြန်မလာသဖြင့် လိုက်လံရာရှာဖွေရာ နေအိမ်ခေါင်းရင်း(၅)အိမ်ကျော်ရှိ ဦးသာကျော်(၅၈)နှစ် စစ်မှုထမ်းဟောင်းအိမ်ယာ၊ ကလျာဏီရပ်ကွက်၊ (အိမ်ထောင်ကွဲ)၏ နေအိမ်ထဲသို့ ၀င်သွားကြောင်း သိရသဖြင့်  နေအိမ်သို့  ၀င်ကြည့်ရာခဲ့ပါသည်။

ဦးသာကျော် နေအိမ်အပေါ်၌ စစ်ခြင်ထောင်တစ်လုံးထောင်ထား၍ လှန်ကြည့်ရာ ခြင်ထောင်အတွင်း သမီးဖြစ်သူ မ----မှာ အင်္ကျီ၊ ဘောင်းဘီဝတ်ဆင်ထားခြင်း မရှိဘဲ ကိုယ်လုံးတီးနှင့် ဦးသာကျော်ပေါင်ပေါ်တွင် ထိုင်လျှက်တွေ့ရှိရသဖြင့် နေအိမ်သို့ခေါ်ပြီးမေးမြန်းရာ ဦးသာကျော်မှ နေအိမ်အတွင်းခြင်ထောင်ထဲသို့ဆွဲခေါ်ကာ ပါးစပ်နှင့်ပါးနှစ်ဘက်တို့အား နမ်းရှုတ်ခဲ့ပြီး ၄င်းလိင်တံအား ကိုင်ခိုင်းကြောင်း မိန်းမကိုယ်အား လက်နှင့်ကိုင်ကြောင်းပြောပြ သိရှိရသည်။

မအေးသန်း မှ သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန်ကြံစည်သူ ဦးသာကျော်အား ဥပဒေအရအရေးယူပေးရန် တိုင်ကြားသဖြင့် စခန်းမှ (ပ)၈၃၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Ko Thant Zin
(၄)နှစ်အရွယ်ကလေးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား (၄)နှစ်အရွယ်ကလေးအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 09:50 Rating: 5
Powered by Blogger.