ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ပြန်ကြားရေးဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းအား ထောင်ဒဏ် တစ်နှစ် ခြောက်လချမှတ်


ရခိုင်ဂေဇက်၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် တရားရုံးမှ ယနေ့အောက်တိုဘာ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် ALP ပြန်ကြားရေးဒုတာဝန်ခံဗိုလ်မှူးခိုင်မျိုးထွန်းအား ထောင်ဒဏ် တစ်နှစ် ခြောက်လ အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

“NCA နဲ့လက်မှတ်ထိုးထားတယ် အခုမြင်တာက NCAကစာရွက်ပဲမြင်တယ် တကယ်ဆို NCA ပါဥပဒေအတိုင်း အမိန့်ချဖြေရှင်းသင့်တယ် အဲ့ဒီအတိုင်းမဖြေရှင်းဘဲ ယခုလိုလုပ်တာဟာ စစ်အစိုးရအာဏာရှင်တစ်ချို့ကအမိန့်ချတယ်လို့ခံစားရတယ်။ အဲ့ဒီအတွက် စစ်တပ်ကချတဲ့အမိန့်အဏာကို မည်သည့်အခါမှအသိအမှတ်ပြုမည်မဟုတ်ပါ။ သို့သော်လည်း ပြည်သူကတင်မြောက်ထားတဲ့အစိုးရချမှတ်တဲ့ အမိန့်အာဏာကိုတော့လေးစားပါတယ်”ဟု ဗိုလ်မှူးခိုင်မျိုးထွန်းမှပြောသည်။


ဗိုလ်မှူးခိုင်မျိုးထွန်းသည် ပြစ်မှုဆိုင်ရာ ဥပဒေပုပ်မ ၅၀၅(ခ/ဂ)ဖြင့် တရားစွဲဆိုခံထားရပြီး တရားရုံးချိန်းစစ်ဆေးမှုပေါင်း ၄၀ ကျော်ကို ရုံးထုတ်စစ်ဆေးခဲ့ကာ ယခုနောက်ဆုံးရုံးချိန်းတွင် ထောင်ဒဏ် တစ်နှစ် ခြောက်လကိုအမိန့်ချခဲ့ပြီး ချုပ်ရက်များအားခံစားခွင့်ရှိသည့်အတွက် ချုပ်ရက် ၁၄ လရှိသောကြောင့် လျော့ရက်များဖြင့် ထောင်ဒဏ် ၃ လကျော်သာ ကျခံရတော့မည်ဖြစ်ကြောင်းလည်းသိရသည်။

“အစိုးရနဲ့ ရခိုင်ပြည်လွန်မြောက်ရေးပါတီ(ALP)နဲ့က ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတယ် ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ လူတစ်ယောက်ကို ဒီလိုထောင်ချတာဟာ NCA ကို ထောင်ချတာနဲ့အတူတူပါဘဲဟု”ရခိုင့်အလင်းတံခါးဥက္ကဌဒေါ်ကျော့စိန်မှပြောသည်။

ဗိုလ်မှူးခိုင်မျိုးထွန်းသည် ၂၀၁၅ ခုနှစ်တွင် ရခိုင့်တပ်မတော်(AA)နှင့် မြန်မာ့တပ်မတော်တို့ဖြစ်ပွားခဲ့သော စစ်ပွဲတွင်အရပ်သားများအားပေါ်တာဆွဲ၊ လူသားဒိုင်းကာအဖြစ်တပ်မတော်မှ ပြုလုပ်ခဲ့သည်ဟု ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ(ALP)ကိုယ်စား စတိတ်မန့်ထုတ်ခဲ့သည့်အတွက် ယခုလိုတရားစွဲဆိုခံခဲ့ရကြောင်းသိရသည်။

ဇွဲလင်းနိုင်(စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal
ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ပြန်ကြားရေးဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းအား ထောင်ဒဏ် တစ်နှစ် ခြောက်လချမှတ် ရခိုင်ပြည်လွှတ်မြောက်ရေးပါတီ ပြန်ကြားရေးဒုတာဝန်ခံ ဗိုလ်မှူးခိုင်မျိုးထွန်းအား ထောင်ဒဏ် တစ်နှစ် ခြောက်လချမှတ် Reviewed by THITHTOOLWIN on 16:19 Rating: 5
Powered by Blogger.