![]() |
ကျုးလွန်သူ နှင့် အသုံးပြုခဲ့သောသက်သေခံပစ္စည်းများ |
"သူက ရွှေပြန်ရောင်းဖို့သိန်းနှစ်ရာဖိုး ဝယ်မယ်ဆိုပြီးလာတာ သူဝင်လာတာ မျက်နှာဖုံးတပ်ထားတယ် ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတယ်၊ ကျွန်တော့မိန်းမက အခြေအနေအကဲခတ်မိတော့ ကျွန်တော့ကို ဆိုင်အပြင်မှာထွက်ခိုင်းတယ်၊ သူကသေနတ်နဲ့ချိန်တော့ မိန်းမက သေနတ်အတုကြီးမှန်းတန်းသိပြီးအော်တာ သူပြေးထွက်လာတော့ ကျွန်တော်ဝင်လုံးတာ သေနတ်အဝေးလွင့်သွားတယ် သူက စီးတီးစကွဲထဲဝင်ပြေးသွားတယ်"ဟု လုံဝမ်ရွှေဆိုင်ပိုင်ရှင် ဦးရွှေစိန်က သံလွင်သွေးချင်းဂျာနယ်သို့ပြောသည်။
![]() |
မြို့မရဲစခန်းမှ စခန်းမှူးနှင့်အဖွဲ့မှတ်တမ်းတင်နေစဉ် |
![]() |
အခင်းဖြစ်သည့်လုံဝမ်ရွှေဆိုင် အရောင်းအဝယ်မပျက် ပြန်လည်ဖွင့်ထား |
ဆိုင်ကယ်အရောင်းစင်တာမှသိရသောမှတ်ပုံတင်အရ လူဝင်မှုကြီးကြပ်ရေးဌာနသို့စုံစမ်းခြင်းဖြင့် အဘ ဦးစိုးခမ်း လွယ်ကောင်းရွာဇာတိဖြစ်ကြောင်းစီစစ် သိရှိခဲ့ရခြင်းဖြစ်သည်။
ယခု တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၉၂၀/၂၀၁၇ ပုဒ်မ ၃၉၂(၅၁) လုယက်ရန်ကြံစည်မှုဖြင့် အမှုဖွင့်အရေးယူထားသည်ဟု မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးဦးက သံလွင်သွေးချင်းဂျာနယ် သို့ပြောကြားသည်။
ပုဒ်မ ၃၉၂(၅၁) လုယက်ရန်ကြံစည်မှုသည် ထောင်ဒါဏ် ၁၀နှစ်ထိ ပြစ်ဒါဏ်ချမှတ်နိုင်သည်။
သံလွင်သွေးချင်း
https://www.facebook.com/thanlwinthwaychinnJournal
သေနတ်တုဖြင့် ရွှေဆိုင်ဝင်လုသူ နာရီပိုင်းအတွင်းဖမ်းမိ (နောက်ဆက်တွဲသတင်း နှင့်ဓာတ်ပုံ)
Reviewed by THITHTOOLWIN
on
21:08
Rating:
