တိုက်ကြီးမြို့ တာဂွ ကျေးရွာအုပ်စု လသာကုန်း ကျေးရွာမှာ အောက်တိုဘာ (၂၃) ရက် မနက်(၃) နာရီ ဘဏ်ထရီကျဉ်စက် နဲ့ ငါးဖမ်းသူ (၃၄)နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးဟာ ကျဉ်စက် နဲ့ငါးဖမ်းရာကနေ ဓာတ်လိုက် ဓာတ်လိုက်သေဆုံးခဲ့တယ်လို့သိရပါတယ်။
သေဆုံးသူဟာနေအိမ်ကို အချိန်မီ ပြန်မရောက်လို့ ဇနီးဖြစ်သူက လိုက်လံရှာဖွေရာ လသာကုန်းကျေးရွာ အနီး အနက် (၃)ပေ ခန့် ရှိ ရိုးဖြတ်ချောင်းအတွင်း ဓာတ်လိုက်သေဆုံးနေတာ ဖြစ်ပါတယ်။
သေဆုံးသူဟာ ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ် မဟုတ် တိုက်ကြီး ပြည်သူ့ဆေးရုံကို ရဲဆေးစာနဲ့ ပို့ဆောင်ပြီး တိုက်ကြီးမြို့ နယ်ရဲစခန်းက သေမှု သေခင်း အမှတ်စဉ် ၂၁/၂၀၁၇ နဲ့ ဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို တင်ဝင်းနိုင်(တိုက်ကြီး)က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
တိုက်ကြီးမြို့တွင် ဘက်ထရီကျဉ်စက်ဖြင့် ငါးဖမ်းသူအမျိုးသား တစ်ဦး ဓာတ်လိုက်သေဆုံး
Reviewed by THITHTOOLWIN
on
20:24
Rating:
