ချစ်သူ နှစ်ဦးကို ဓားထာက်လုယက်သူ မျက်နှာဖုံးစွတ် ဓားပြများအား ဖမ်းဆီးရမိ

ရွှေဘိုမြို့ တွင် ဓားထာက်လုယက်သူ ဓားပြများအား (၂၄) နာရီအတွင်း ဖမ်းဆီးရမိ
ရွှေဘို အောက်တိုဘာ (၂)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ တွင် စကားပြောနေသော ချစ်သူ နှစ်ဦးကို ဓါးထောက်လုယက်သူ ဓါးပြများအား အခင်းဖြစ်ပွားပြီး (၂၄) နာရီအချိန်အတွင်း ပြည်သူတစ်ဦး၏ သတင်းပေးကူညီမှုဖြင့် ဓါးပြများအား ဖမ်းဆီးရမိခဲ့ကြောင်း ရွှေဘိုမြို့ မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော် က ပြောပြသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့ တွင် အောက်တိုဘာလ(၁) ရက်နေ့  ညနေ (၄)နာရီ အချိန်က ရွှေဘိုမြို့  အမှတ်(၁၀) ရပ်ကွက် ခမရ(၁၁) စစ်တပ်အနီး တမာပင်အောက်တွင် စကားပြောနေသော ချစ်သူနှစ်ဦးအနီးသို့  ဆိုင်ကယ်(၂) စီးနှင့် နှာခေါင်းစည်းတပ်ထားသော လူ(၅) ဦးရောက်ရှိလာပြီး ဆိုင်ကယ်နှစ်စီးအားတွန်းလှဲ၍ အမျိုးသားတစ်ဦးမှ တရားလို မောင် --- ၏ ဝမ်းဗိုက်အား ဓါးနှင့်ထောက်ကာ အခြားအမျိုးသားတစ်ဦးမှ ဦးခေါင်းအား သံကွင်းစွပ်လက်သီးဖြင့် ထိုးခဲ့ပြီး မ - - - ဝတ်ဆင်ထားသော လက်ကောက်(၂) ကွင်း နှင့် လက်စွပ်(၁) ကွင်း ဆွဲကြိုး(၁) ကုံး ပိုက်ဆံအိတ်နှင့် ၎င်းအိတ်ထဲတွင်ထည့်ထားသော I Phone 6 Plus ရွှေရောင်ဟန်းဆက်(၁) လုံး ငွေ (၃၀၀၀၀)ကျပ်တို့အား ယူဆောင်သွားပြီး ဓါးနှင့်ထောက်ထားသူ အမျိုးသားမှ တရားလို မောင် ---- ၏ အင်္ကျီအိတ်ကပ်အတွင်းထည့် ထားသော i Phone 5 S ရွှေရောင်ဟန်းဆက်(၁)လုံးအား ယူဆောင်ကာ ထွက်ပြေး သွားခဲ့၍ အမည်မသိအမျိုးသား(၅)ဦးအား ဥပဒေအရ အရေးယူပေးရန် တိုင်တန်းသောအမှုဖြစ်ကြောင်းသိရသည် ။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေဘိုမြို့ နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးတာဇံ နှင့် ရွှေဘိုမြို့  မ ရဲစခန်းမှူး ဒုရဲမှူးမြင့်မောင် တို့ မှဦးဆောင်၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကောင်းမြတ်ကျော် ပါဝင်သော နယ်ထိန်းတပ်ဖွဲ့ ဝင်များမှ အခင်းဖြစ်ပွားသောနေရာသို့  သွားရောက်ခဲ့ပြီးစုံစမ်းမှုများပြုလုပ်ခဲ့ရာ ပြည်သူတစ်ဦး၏ သတင်းပေးကူညီမှုဖြင့် ဓါးထောက်လုယက်သူ ဓါးပြ(၅) ယောက်အနက် ဓါးပြ(၄) ယောက်အား အခင်းဖြစ်ပြီး(၂၄) နာရီအချိန်တွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ဓားထာက်လုယက်သူ ဓါးပြများမှာ စိုးလှိုင်မြင့် (ခ) ကြွက်နီ (သ) ၃၄ နှစ် (ဘ) ဦးအောင် အမှတ်(၂)ရပ်ကွက် ပြင်ဈေးတောင်ပိုင်း ရွှေဘိုမြို့  ရန်နိုင်မျိုး (ခ) ပေါက်စီ (သ) ၂၅ နှစ် (ဘ) ဦးမျိုးမြင့် အမှတ်(၂) ရပ်ကွက် ပြင်ဈေးတောင်ပိုင်း ရွှေဘိုမြို့ မွတ်တား (ခ) မျိုးမင်းထက် (သ) ၂၀ နှစ် (ဘ) ဦးမင်းဇော် အမှတ်(၂)ရပ်ကွက် ပြင်ဈေးတောင်ပိုင်း ရွှေဘိုမြို့ ဇော်ထက်အောင် (သ) ၁၈ နှစ် (ဘ) ဦးတင်သိန်း အမှတ်(၂) ရပ်ကွက် ပြင်ဈေးတောင်ပိုင်း ရွှေဘိုမြို့ ငပွား (အသက် အဘအမည် နေရပ်စုံစမ်းဆဲ) ဖမ်းဆီးရမိရေးဆောင်ရွက်ဆဲ တို့ ဖြစ်ပြီးဓါးထောက်လုယက်သူ ဓါးပြများထံမှ အရိုးအသွား(၁) ပေခန့် ရှိ ဓါးဦးချွန်(၁)ချောင်း နှင့် သံကွင်းစွပ်လက်သီး(၁) ခု အပါအဝင် လုယက်သွားသော ရွှေ ငွေ ဖုန်း စုစုပေါင်းတန်ဖိုး ( ၃၈၃၀၀၀၀) ကျပ်ခန့် အား ပြန်လည်သိမ်းဆည်း ရမိခဲ့ကြောင်း ရွှေဘိုမြို့ မရဲစခန်းမှူး ဒုရဲမှူးမြင့်မောင် ထံမှသိရသည်။

အဆိုပါအမှုနှင့်ပါတ်သက်၍ အမှုစစ်အဖြစ် ရွှေဘိုမြို့ မရဲစခန်းမှူး ဒုရဲမှူးမြင့်မောင် မှ ဆောင်ရွက်လျှက်ရှိပြီး တရားခံ ငပွား အားဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်နေကြောင်းသိရသည် သို့ ဖြစ်ပါ၍ ဓါးထောက်လုယက်သူ ဓါးပြများအား ရွှေဘိုမြို့ မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရွှေဘိုမြို့ မရဲစခန်းမှ သိရသည်။

သတင်း -- ဓာတ်ပုံ -- မိုးသောက်(ရွှေဘို)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ချစ်သူ နှစ်ဦးကို ဓားထာက်လုယက်သူ မျက်နှာဖုံးစွတ် ဓားပြများအား ဖမ်းဆီးရမိ ချစ်သူ နှစ်ဦးကို ဓားထာက်လုယက်သူ မျက်နှာဖုံးစွတ် ဓားပြများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.