အီရတ် နိုင်ငံ အနောက်ပိုင်း ဒေသ ရှိ ကော်ဖီဆိုင် တစ်ခု တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး
![]() |
အီရတ် နိုင်ငံ Anbar ပြည်နယ်တွင် စက်တင်ဘာ ၂၇ ရက်နေ့ က ဗုံးပေါက်ကွဲမှုအားတွေ့ မြင်ရစဉ်။ |
အီရတ် နိုင်ငံ အနောက်ပိုင်း Anbar ပြည်နယ်ရှိ ကော်ဖီဆိုင် တစ်ခုတွင် အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံးလူပေါင်း ၁၀ ဦး သေဆုံးခဲ့ရပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အီရတ် နိုင်ငံ ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၁ ရက်၌ ထုတ်ပြန်ကြေညာ ခဲ့သည်။
Anbar ပြည်နယ်ရှိ ရဲအရာရှိ တစ်ဦး က ဆင်ဟွာသတင်းဌာန သို့ပြောကြားခဲ့ရာတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုသည် Anbar ပြည်နယ် Hīt မြို့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ တိုက်ခိုက်သူသည် ခန္ဓာကိုယ်တွင် ဗုံးများ တပ်ဆင်ထားပြီး ကော်ဖီဆိုင်အတွင်း၌ ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
လက်ရှိချိန်တွင် မည်သည့် အဖွဲ့အစည်း ကမှ ကော်ဖီဆိုင် ၌ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း နှင့် ပတ်သက်၍ ပြုလုပ်ကြောင်း ကြေညာခြင်းမရှိဘဲ ရဲအရာရှိ ၏ ပြောကြားချက် အရ သေဆုံးသူ စာရင်းမှာ ပိုမိုမြင့်တက်လာ နိုင်ကြောင်း သိရှိရသည်။
(Xinhua)
http://xinhuamyanmar.com
အီရတ် နိုင်ငံ အနောက်ပိုင်း ဒေသ ရှိ ကော်ဖီဆိုင် တစ်ခု တွင် အသေခံဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၀ ဦး သေဆုံး
Reviewed by THITHTOOLWIN
on
10:23
Rating:
