ဂတ်(စ်)မီးခြစ် ဆော့ကစားရာမှ နေအိမ် မီး ကူးစက်လောင်ကျွမ်း


ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ် စုစည်းကျေးရွာ၌ အောက်တိုဘာလ ၂၄ ရက်နေ့  ယနေ့နံနက်(၆း၄၀)နာရီအချိန်က ဖားဆောင်း - မော်ချီးလမ်းမတွင် နေထိုင်သောဦးစောမောင်၏ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း မြေစိုက်နေအိမ်တွင် သားဖြစ်သူအယ်ဒိုဟူး(၃)နှစ်မှ ဂတ်(စ်)မီးခြစ်အား ဆော့ကစားရာမှ နေအိမ်အား မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုအား ရပ်ကွက်သူ/သားများမှ ဖြစ်စဉ်နေရာသို့သွားရောက်၍ မီးသတ်ယာဉ်(၃)စီးဖြင့် ပူးပေါင်း မီးငြိမ်းသတ်ခဲ့ရာ နံနက်(၇း၀၀)နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရှိမှု သေဆုံးမှုမရှိကြောင်း ဖားဆောင်း ပြန်ကြားရေးမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ဂတ်(စ်)မီးခြစ် ဆော့ကစားရာမှ နေအိမ် မီး ကူးစက်လောင်ကျွမ်း ဂတ်(စ်)မီးခြစ် ဆော့ကစားရာမှ နေအိမ် မီး ကူးစက်လောင်ကျွမ်း Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.