ကျောင်းထိုင်ဘုန်းကြီး အခန်းအတွင်းမှ အလှူငွေ သိန်း (၅၀) ခိုးယူသူများအား ရဲကဖော်ထုတ်ဖမ်းဆီး


ကျောက်တံခါး အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုနယ်မြေရဲစခန်းအပိုင်၊  ဘိုပိုက်ဆံ(၂)ရပ်ကွက်၊ မင်းကျောင်းကျောင်းတိုက်တွင် အောက်တိုဘာ ၁၉ ရက် က ကျောင်းတိုင်းဆရာတော်သတင်းသုံးသည့် အခန်းအတွင်းထည့်ထားသည့် အလှူခံရရှိ ငွေ ကျပ်သိန်း(၅၀)ပျောက်ဆုံးသွားသဖြင့် စခန်းသို့တိုင်ကြားခဲ့ရာ စခန်းမှ(ပ)၅၅၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ကာ တရားခံအား စုံစမ်းဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ စုံစမ်းဖော်ထုတ်စစ်ဆေးရာတွင် ဖဒိုနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ရဲထွဋ်ကိုသည် ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးစိန်မင်ထံမှ ညွှန်ကြားချက်များရယူကာ ဘုန်းကြီးကျောင်းသို့ဝင်ထွက်သွားလာသူများ ထဲမှ မသင်္ကာသူ ဘုန်းကြီးကျောင်းတွင် ဝေယျာဝေစ္စ ပြုလုပ်သူများထဲမှ နိုင်ထက်လင်း(၁၄)နှစ်၊(ဘ)ဦးလဲပွယ်မှူး၊ဘိုပိုက်ဆံ (၂) ရပ်ကွက်၊ ဖဒိုမြို့နေသူသည် ဖုန်းအရောင်းဆိုင်တစ်ခုတွင် ဖုန်းတစ်လုံးအား (၂)သိန်းကျပ်ဖြင့် ၀ယ်ယူသွားကြောင်းသိရှိရသဖြင့် စစ်ဆေးမေးမြန်း ရာ နိုင်ထက်လင်းမှာ(၁၈.၁၀.၂၀၁၇)နေ့ နံနက်(၈)နာရီအချိန်က ကျောင်းထိုင်ဘုန်းကြီးအိပ်ခန်းအတွင်းသို့ အနောက်တံခါးမှ ခိုးဝင်ပြီး ရဲထွေးအား အပြင်ကစောင့်ခိုင်းကာ အခန်းအတွင်းရှိ ကြွပ်ကြွပ်အိတ် အ၀ါရောင်ဖြင့် ထုတ်ထားသော ငွေစက္ကူထည့်ထားသည့်အထုတ်အား ယူဆောင်လာခဲ့ပြီး တစ်ယောက်တစ်ဝက်ခွဲယူခဲ့ကြောင်းသိရှိရသည်။

၎င်းနောက် နိုင်ထက်လင်းအားထပ်မံစစ်ဆေးရာ ၄င်းတို့ကဲ့သို့ ဝေယျာဝေစ္စပြုလုပ်သူအငဲ(ခ)ကျော်သက်ပိုင်နှင့်ဂျက်ကီချန်း(ခ)၀မ်းချိင်းတို့မှာ ကျောင်းထိုင်ဆရာတော်အခန်းအတွင်းမှ ငွေစက္ကူများယူဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်ရှိ တည်းခိုးခန်းတစ်ခုတွင် တည်းခိုနေကြောင်းသိရှိရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့၍ ၄င်းတို့(၄)ဦးထံမှ ငွေစက္ကူစုစုပေါင်း(၅၅၅၃၅၅၀ိ/)ကျပ်နှင့် vivoအမျိုးအစား အဖြူရောင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်းသတင်းရရှိသည်။

ပဲခူး(သန့်စင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကျောင်းထိုင်ဘုန်းကြီး အခန်းအတွင်းမှ အလှူငွေ သိန်း (၅၀) ခိုးယူသူများအား ရဲကဖော်ထုတ်ဖမ်းဆီး ကျောင်းထိုင်ဘုန်းကြီး အခန်းအတွင်းမှ အလှူငွေ သိန်း (၅၀) ခိုးယူသူများအား ရဲကဖော်ထုတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.