မန္တလေးတွင် မီးလောင်မှုဖြစ် နေအိမ်(၈)လုံးနှင့် ဆိုင်ကယ်(၅)စီး မီးလောင်ဆုံးရှုံး


(၆.၁၀.၁၇)ရက်နေ့ (၀၀:၂၅)အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အောင်မြေသာစံမြို့နယ် (၇၅×၇၆)လမ်းကြားနှင့်(၁၁×၁၂) ကြား၊ ဥပုဿ်တော်ရပ်ကွက်၊ သွပ်မိုး၊ထရံကာ၊ပျဉ်ခင်းနှစ်ထပ်အိမ်တွင် မီးလောင်နေကြောင်းသတင်းရရှိ၍ မီးငြိမ်းသတ်ယာဉ် (၅၀)စီး၊ ရေသယ်ယာဉ် (၂၀)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးထွက်ခွာငြိမ်းသတ်ခဲ့ပြီး (၀၀:၄၅)အချိန်မီးငြိမ်းခဲ့ပါသည်။

မီးလောင်မှုအကြောင်းအရင်းမှာ ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိပိတ်စပေါ်သို့ မီးကူးစက်၍စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်စုစုပေါင်း (၈)လုံးနှင့် RC နှစ်ထပ်ခွဲအပေါ်ထပ်နှင့်အတွင်းပစ္စည်းများ၊ ဆိုင်ကယ်(၅)စီးခန့် မီးလောင်ဆုံးရှူံးခဲ့ရပါသည်။

Myanmar Fire Services Department
မန္တလေးတွင် မီးလောင်မှုဖြစ် နေအိမ်(၈)လုံးနှင့် ဆိုင်ကယ်(၅)စီး မီးလောင်ဆုံးရှုံး မန္တလေးတွင် မီးလောင်မှုဖြစ် နေအိမ်(၈)လုံးနှင့် ဆိုင်ကယ်(၅)စီး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.