ပြည်မြို့နယ် တရားရုံးဝင်းအတွင်း၌ မီးလောင်မှုဖြစ် ဆိုင်ကယ်(၅)စီး မီးလောင်ဆုံးရှုံး


၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၊ ၀၅၁၅ အချိန် ပြည်မြို့၊ ကျောင်းကြီး အိုးတန်းရပ်ကွက် ကမ်းနားလမ်းရှိ ပြည်မြို့နယ် တရားရုံးဝင်းအတွင်း၌ လမ်းသွား/လမ်းလာမှ ဆေးလိပ်မီးစွန့်ပစ်မှုကြောင့် သစ်ရွက်ခြောက်များ မီးလောင်ကျွမ်းရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ မီးလောင်မှုကြောင့် ခြံစည်းရိုးဘေးတွင် အမှုကိစ္စများ ဆောင်ရွက်ရန်သိမ်းဆည်းထားရှိသော ဆိုင်ကယ်များအား မီးကူးစက် လောင်ကျွမ်း ခဲ့သဖြင့် ဆိုင်ကယ်(၅)စီး (တန်ဖိုး ၁၅၀,၀၀၀ ကျပ်)ဆုံးရှုံးခဲ့ပြီး ၀၅၂၀ အချိန်မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုကြောင့် ၀၇၄၅ အချိန် ဆေးလိပ်မီးပေါ့ဆစွာစွန့်ပစ်သူ(စိစစ်ဆဲ)အား အမှတ်-၁ နယ်မြေရဲစခန်းမှ(ပ)၁၃၄၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပြည်မြို့နယ် တရားရုံးဝင်းအတွင်း၌ မီးလောင်မှုဖြစ် ဆိုင်ကယ်(၅)စီး မီးလောင်ဆုံးရှုံး  ပြည်မြို့နယ် တရားရုံးဝင်းအတွင်း၌  မီးလောင်မှုဖြစ် ဆိုင်ကယ်(၅)စီး မီးလောင်ဆုံးရှုံး Reviewed by THITHTOOLWIN on 17:03 Rating: 5
Powered by Blogger.