အရွယ်မရောက်သေးသူ အမျိုးသမီးငယ်အား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူအားဖမ်းဆီး


သံဖြူဇရပ် အောက်တိုဘာ ၁၁

မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ် ပငကျေးရွာ ကော့ထော်ပိုင်းနေ ------(ခ)-----(၁၃နှစ်)သည် အောက်တိုဘာလ ၁၀ရက်နေ့ ညနေ ၄ နာရီက မိခင် ဖြစ်သူမှာ သံဖြူဇရပ်မြို့နယ် အနင်း ကျေးရွာသို့ ငါးပိရောင်းရန်ဈေး ရောင်းထွက်သွားပြီး နေအိမ်၌ တစ် ဦးတည်းရှိနေစဉ် တစ်ရွာတည်းနေ သိန်းဇော်ဝင်း(၂၆နှစ်)သည် နေအိမ် သို့ရောက်ရှိလာပြီး ''နင့်အမေ မရှိ ဘူးလား'' ဟုမေးမြန်း၍ နေအိမ် ပေါ်သို့တက်လာကာ နေအိမ်တံခါး ကိုပိတ်၍ အိပ်ရာပေါ်သို့ပွေ့ချီ သွားခဲ့ပြီး သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့ကြောင်း သိရပါသည်။

 အဆိုပါဖြစ် စဉ်ကို အိမ်နီးချင်းဖြစ်သူ ဒေါ်မီး (ခ)မီလာ(၅ဝနှစ်)က နေအိမ်သို့ ငရုတ်သီးယူရန်ရောက်ရှိလာကာ သူမအားလှမ်းခေါ်စဉ် ပြန်ထူးသံ မကြားသဖြင့် နေအိမ်ပေါ်သို့ဝင် ရောက်ကြည့်ရှုစဉ် သိန်းဇော်ဝင်းက မ---(ခ)---အား သားမယား အဖြစ်ပြုကျင့်ရန်ကြံစည်နေသည် ကိုတွေ့မြင်ခဲ့ရကြောင်း၊ ဒေါ်မီး(ခ) မီလာက မ---- (ခ)----၏ မိခင်ဖြစ်သူဒေါ်လှသိန်း (ခ)ဟလှပ် အား နေအိမ်သို့ ပြန်လာခဲ့ရန် ဖုန်း ဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူ က သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်ခဲ့သူ သိန်းဇော်ဝင်း (ဖမ်းဆီးရမိ)အား အရေးယူပေးပါရန် သံဖြူဇရပ်မြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်း ခဲ့သဖြင့် ရဲစခန်းမှ(ပ)၂၃၁/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/ ၅၁၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သိရသည်။

နိုင်နိုင်(မွန်)
The Union Daily
https://www.facebook.com/uniondaily.net
အရွယ်မရောက်သေးသူ အမျိုးသမီးငယ်အား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူအားဖမ်းဆီး အရွယ်မရောက်သေးသူ အမျိုးသမီးငယ်အား  သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူအားဖမ်းဆီး Reviewed by THITHTOOLWIN on 18:27 Rating: 5
Powered by Blogger.