တာချီလိတ်မြို့တွင် တရားမ၀င်မွေးမြူထားသည့် လိပ်ကြက်တူရွေး (၃၄၂)ကောင်အား ဖမ်းဆီးရမိ


တာချီလိတ်ခရိုင် တာချီလိတ်မြို့ရှိ ၀မ်ကောင်းရပ်ကွက် အတွင်း၌ လိပ်ကြက်တူရွေး စုစုပေါင်း (၃၄၂)ကောင် အား မွေးမြူထားသူ နှင့် အတူ၂၀၁၇ခုနှစ်အောက်တိုဘာလ(၂၆)ရက်နေ့ (၁၁း၅၀)နာရီ အချိန်ခန့်ကဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊၀မ်ကောင်းရပ်ကွက်၊ရတနာလမ်းသွယ်ရှိ နေအိမ်တွင် တရားမ၀င် လိပ်ကြက်တူရွေးများ စုဆောင်းမွေးမြူထားကြောင်း သတင်းရရှိ၍ တာချီလိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လတ် အပါအ၀င် တောအုပ် နှင့် တောခေါင်းများ ၊ တာချီလိတ်မြို့မရဲစခန်း မှ ရဲအုပ် ကိုကိုဦး နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒု- တပ်ရင်းမှူး ရဲနန္ဒာလင်းနှင့် တပ်ဖွဲ့ဝင်များ၊ ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ၀မ်ကောင်းပြည်သူ့စစ်အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်ဝင်ရောက်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ပူးပေါင်း အဖွဲ့ မှ ရှာဖွေမှု များပြုလုပ်ရာ တွင် နေအိမ်အတွင်း ၌ တရားမ၀င် လိပ်ကြက်တူရွေး များ စုဆောင်း မွေးမြူ နေသူ ဟု ဆိုသည့် ဦးဌေးအောင် နှင့် အဆိုပါ အခန်းတွင် ရှိ နေ သူဦးမင်းမြတ်သူ တို့အားတွေ့ရှိရပြီး ပလတ်စတစ်ခြင်းများဖြင့်ထည့်၍ မွေးမြူထားသည့် လိပ်ကြက်တူရွေးအရွယ်စုံ စုစုပေါင်း(၃၄၂)ကောင်အား တွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ တရားဝင် အထောက် အထား စာရွက်စာတမ်းများ တောင်းခံရာ တွင် တင်ပြနိုင်မှု မရှိသဖြင့် ၎င်းတို့နှစ်ဦးအား တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေ များ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၇(က) အရ တာချီလိတ် မြို့မ ရဲစခန်း တွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဖမ်းဆီး သိမ်းဆည်း ရမိသော အဆိုပါ လိပ်များ အား လက်ရှိ အခြေအနေ တွင် တာချီလိတ် မြို့နယ် သစ်တော ဦးစီး ဌာန ရုံး ၀န်းအတွင်း၌ ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ - ကိုအောင်ကျော်ဝင်းစိန်
တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ
https://www.facebook.com/TachileikDistrictGAD/
တာချီလိတ်မြို့တွင် တရားမ၀င်မွေးမြူထားသည့် လိပ်ကြက်တူရွေး (၃၄၂)ကောင်အား ဖမ်းဆီးရမိ တာချီလိတ်မြို့တွင် တရားမ၀င်မွေးမြူထားသည့် လိပ်ကြက်တူရွေး  (၃၄၂)ကောင်အား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 20:32 Rating: 5
Powered by Blogger.