မနောကွင်းအနီး ဧရာဝတီမြစ်ဆိပ်တွင် ကလေးတစ်ဦးရေနစ် ပျောက်ဆုံးနေ


မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ မနောကွင်းအနီးမှ ဧရာဝတီမြစ်ဆိပ်(၀ါးဆိပ်)တွင် ကလေးတစ်ဦး ရေနစ်ပျောက်ဆုံးနေကြောင်း သိရသည်။

''နေ့လည် ၁၂နာရီလောက်က ရေကူးရင်းရေနစ်သွားတယ် လို့ပြောတယ်၊ ကျနော်တို့ စီတာပူ IDP camp က အသက်၁၄နှစ် ၇တန်းကျောင်းသား ဂွမ်ဂျာအောင် ဆိုတဲ့ ကလေးပါ''ဟုအဆိုပါ IDP camp မှ ကော်မတီဝင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မြစ်ကြီနား)မှ လက်ရှိအချိန်ထိ ဆက်လက်ရှာဖွေနေကြသည်။

Photo ZRH
The Kachin Times
https://www.facebook.com/KachinTimes.kcn

မနောကွင်းအနီး ဧရာဝတီမြစ်ဆိပ်တွင် ကလေးတစ်ဦးရေနစ် ပျောက်ဆုံးနေ မနောကွင်းအနီး ဧရာဝတီမြစ်ဆိပ်တွင် ကလေးတစ်ဦးရေနစ် ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 16:31 Rating: 5
Powered by Blogger.