ကမ္ဘာ့အကြီးဆုံး လေဆိပ် ဖြစ်လာနိုင်မယ့် ဘေဂျင်းလေဆိပ်သစ်ကြီး


တရုတ်ပြည်မှာ ကမ္ဘာ့အကြီးဆုံး လေဆိပ် ဖြစ်လာမယ်လို့ ယူဆကြတဲ့ ဘေဂျင်းလေဆိပ်သစ်ကြီးကို ၂၀၁၉ ခုနှစ် မှာ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော် ကုန်ကျမှာဖြစ်ပြီး သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင် ကြီးကြပ် တည်ဆောက်နေတာ ဖြစ်ပါတယ်။

၁၈ မိုင်ပတ်လည်ကျယ်ဝန်းပြီး အစဦးပိုင်း တစ်နှစ်ကို ခရီးသည် ၄၅ သန်း ကနေ နောက်ပိုင်းမှာ ခရီးသည် သန်းတစ်ရာ အထိ ၀န်ဆောင်မှုပေးနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း သိရပါတယ်။

ဒီလေဆိပ်ဟာ တရုတ်ပြည်ရဲ့ အမျိုးသား တည်ဆောက်မှုစွမ်းရည်ဆိုင်ရာ စံနမူနာ တရပ်ဖြစ်တယ်လို့လည်း အဲဒီစီမံကိန်းဆိုင်ရာ ပြောခွင့်ရသူက ပြောပါတယ်။

အဲဒီလေဆိပ်စီမံကိန်းကို ၂၀၁၄ ခုနှစ်က စတင် ပန္နက်ချခဲ့ပြီး၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ ဖွင့်လှစ်မယ်လို့ သိရပါတယ် ။

RFA Burmese
https://www.facebook.com/rfaburmese
ကမ္ဘာ့အကြီးဆုံး လေဆိပ် ဖြစ်လာနိုင်မယ့် ဘေဂျင်းလေဆိပ်သစ်ကြီး ကမ္ဘာ့အကြီးဆုံး လေဆိပ် ဖြစ်လာနိုင်မယ့် ဘေဂျင်းလေဆိပ်သစ်ကြီး Reviewed by THITHTOOLWIN on 09:52 Rating: 5
Powered by Blogger.