ရွှေပြည်သာမှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်ဝင်တိုက် မောင်းနှင်သူ သေဆုံး

ရပ်ထားသောကားအား ဆိုင်ကယ်မှဝင်တိုက်ရာမှ ဆိုင်ကယ်မောင်သူ နေရာတွင် ပွဲခြင်းပြီးသေဆုံး
အောက်တိုဘာလ ၁ ရက်နေ့ နံနက်၂နာရီ၃၀မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက် အမှတ်(၄)လမ်းမ ပန်းခြံစု(၄)လမ်းထိပ် တွင် ရပ်ထားသောကားအား ဆိုင်ကယ်မှ ဝင်တိုက်ရာမှ ဆိုင်ကယ်မောင်သူ နေရာတွင် ပွဲခြင်းပြီးသေဆုံး ကြောင်း သိရပါသည်။

ဖြစ်စဉ်မှ ရွှေပြည်သာဘက်မှ ဒညင်းကုန်းဘက်သို့ မောင်းနှင် လာသော ယာဉ်မောင်း ဦးသိန်းလင်းထိုက်(ဘ)ဦးဝင်းသိန်း (အသက်) ၃၂ YGN4K8563 PROFIA အမျိုးအစား ၁၂ဘီး BOXမော်တော်ယာဉ်မှာ စက်ချို့ယွင်းမှု့ကြောင်း အချက်ပြမီးဖြင့် လမ်မကြီးဘေးတွင် ရပ်ထားရာ ရွှေပြည်သာ ဘက်မှ ဒညင်းကုန်းဘက်သို့ မောင်းနှင်လာသော FELING 110 အနက်ရောင် ဆိုင်ကယ် ပေါ်ရှိ အမည်မသိ လူငယ် အမျိုးသားတဦးမှ ၎င်းရပ်ထားသော မော်တော်ယာဉ်၏ နောက်ဘက်ခြမ်းသို့ ဝင်တိုက်မိရာမှ ဆိုင်ကယ်မောင်းနှင်သူ ထိုနေရာတွင်ပွဲခြင်းပြီး သေဆုံးသွား ကြောင်းသိရှိရသည်။

အထက်ပါအကြောင်းအရာ နှင့် ပတ်သက်ပြီး ယာဉ်မှု့စစ် ရဲအုပ်ဦးဝင်းနိုင်နှင့်အဖွဲ့မှ ရောက်ရှိလာကာ ရဲလုပ်ငန်းအရ ဆက်လက်ဆောင်ရွက်လျှက် ရှိပြီး သေဆုံးသူအား အင်းစိန်ဆေးရုံသို့ ပါရမီရှင် နာရေးကူညီမှု့အသင်း လှော်ကားမှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

MCRA/SH
ရွှေပြည်သာမှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်ဝင်တိုက် မောင်းနှင်သူ သေဆုံး  ရွှေပြည်သာမှာ ရပ်ထားတဲ့ကားကို ဆိုင်ကယ်ဝင်တိုက် မောင်းနှင်သူ သေဆုံး Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.