![]() |
ဓါတ်ပုံ - ထက်သူရ (တောင်တွင်းကြီး) fb |
ဖြစ်စဉ်မှာ အောက်တိုဘာ(၂၁)ရက်နေ့ နံနက်(၆) နာရီ အချိန်က တောစိမ်းကျေးရွာအနီး လူတစ်ဦးရထားကြိတ်သေဆုံးနေကြောင်း ဆတ်သွားဘူတာမှ ဒုရုံပိုင် ဦးယုထွေးမောင် မှ ဖုန်းဆက်အကြောင်းကြားချက်အရ ဆတ်သွားနယ်မြေရဲစခန်းမှူး ဒုရဲအုပ် ငြိမ်းပြည့်စုံ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ တောင်တွင်းကြီး-ဆတ်သွား-ပြည်ရထားလမ်း မိုင်တိုင်အမှတ်(၂၈၃/၁ နှင့် ၂၈၃/၂)အကြားတွင် ဖိုးဇော်၊၃၈နှစ်၊ ဆတ်သွား ကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်နေသူအား ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်မျက်နှာတစ်ခြမ်းချိုင့်ဝင်၊ ဦးခေါင်းယာဘက်ခြမ်းပေါက်ပြဲ၊ နဖူးဝဲဘက်ခြမ်းပေါက်ပြဲ၊ ယာပေါင်ရိုးငေါထွက်၊ ယာခြေသလုံးရိုးကျိုးဒဏ်ရာများဖြင့် ရထားသံလမ်း အလယ်တွင် သေဆုံးနေသည်ကိုတွေ့ရှိခဲ့သည်။
ယင်းအမျိုးသားသေဆုံးမှုနှင့်ပက်သက်၍ ရဲအုပ်ထွန်းအောင်ကျော်မှ တရားလိုပြု တိုင်ကြားခဲ့၍ ဆတ်သွား နယ်မြေရဲစခန်းက အမှုဖွင့်ထားသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အထူးအမြန် ရထားကြိတ်၍ လူတစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
20:05
Rating:
