![]() |
ရခိုင်ပြည်နယ်က မောင်တော်ဒေသက လယ်ယာတွေကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA |
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွဲ့ဖြိုးရေးစီမံကန်း UEHRD မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပူးပေါင်းလုပ်ဆောင် သွားမယ့်အခြေအနေတွေကို ဒီနေ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် UMFCCI မှာ အသင်းချုပ်တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
၃ နှစ်စီမံကိန်း ချမှတ်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အဲဒီ ၃ နှစ်စီမံကိန်းမှာ လတ်တလော ကူညီဖြေရှင်းပေး ရမယ့်လုပ်ငန်းစဉ်နဲ့ ရေတိုရေရှည်ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေမယ့်လုပ်ငန်းစဉ်ဆိုပြီး ၂၀၁၈ ကနေ ၂၀၂၀ အထိ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။
စီမံကိန်းဆောင်ရွက်ရာမှာ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ရေရှည်အကျိုးဖြစ်ထွန်းမှုကို အဓိကအခြေခံပြီး ရခိုင်ပြည်နယ် အခြေပြု လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ Rakhine Agribusiness Public Co Ltd - RAPC ကိုဖွဲ့ စည်းပြီး တဆင့်ချင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်ကိုလှူ ဒါန်းနေရုံထက် သွားရောက်ရင်းနှီးမြှုပ်နှံမှုက ရေရှည်မှာပိုထိရောက်မှာဖြစ်လို့ အခုလိုစီစဉ်ရ တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရခိုင်လယ်ယာကဏ္ဍဖံွ့ဖြိုးရေး ကျပ် ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်
Reviewed by THITHTOOLWIN
on
20:01
Rating:
