ဖိလစ်ပိုင်ကမ်းလွန်မှာ ကုန်တင်သင်္ဘောနစ်မြှုပ်၊ အိန္ဒိယသင်္ဘောသား ၁၁ ဦးပျောက်ဆုံးနေ


ဖိလစ်ပိုင်ကမ်းလွန်ပင်လယ်ပြင်တစ်နေရာမှာ တိုင်ဖွန်းမုန်တိုင်းဘေးကြောင့် ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘောတစ်စင်း နစ်မြှုပ်သွားခဲ့ပြီး အိန္ဒိယသင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေတယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

တန်ချိန် ၃သောင်း ၃ ထောင် ၂ ရာကျော် Emarald Star အမည်ရှိသင်္ဘောပေါ်မှာ အိန္ဒိယသင်္ဘောသား ၂၆ ဦး လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ဘက်ကမ်းလွန် ၁၇၄ မိုင်အကွာ်လောက်မှာ အခုလို မုန်တိုင်းမိပြီး နစ်မြှုပ်သွားခဲ့တာပါ။ သင်္ဘောသား ၁၅ ဦးကို အနီးမှာရှိတဲ့ တခြားသင်္ဘော ၃ စီးက ဆယ်ယူကယ်တင်နိုင်ခဲ့ပြီး ၁၁ ဦးက ပျောက်ဆုံးနေဆဲလို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံးနေသူတွေကို ကင်းလှည့်ရေယာဉ်နှစ်စင်း၊ ရဟတ်ယာဉ် ၃ စင်းနဲ့ ရှာဖွေနေဆဲဖြစ်ပေမယ့်၊ မုန်းတိုင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဖိလစ်ပိုင်ကမ်းလွန်မှာ ကုန်တင်သင်္ဘောနစ်မြှုပ်၊ အိန္ဒိယသင်္ဘောသား ၁၁ ဦးပျောက်ဆုံးနေ ဖိလစ်ပိုင်ကမ်းလွန်မှာ ကုန်တင်သင်္ဘောနစ်မြှုပ်၊ အိန္ဒိယသင်္ဘောသား ၁၁ ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.